နိုင်ငံကျော် Beauty Bloggerတစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ သူမရဲ့ အလှအပဆိုင်ရာ အတွေ့အကြုံလေးတွေကို လူမှုကွန်ယက်ထက်မှာ မျှဝေပေးကာ တဖြေးဖြေးလူသိများလာခဲ့ပြီးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေခဲ့တာဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာတော့ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဝင်ရောက်လာပြီဖြစ်ပါတယ်။ 

photo credit: li john photography
photo credit: li john photography

နေခြည်ဦးကတော့ သူမရဲ့ သွက်လက်ဖျက်လက်တဲ့ပုံစံလေးတွေ စကားပြောသွက်သွက်လက်လက်လေး ရှိပုံလေးတွေကြောင့် ပရိသတ်တွေစတင်သတိထားမိလာပြီး ပရိသတ်တွေကိုအချစ်ကိုရရှိနေသူပါ။ ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတဲ့ နေခြည်ဦးကို ပရိသတ်တွေက ချစ်စနိုးနဲ့ ချီချီလို့ နာမည်ပေးထားခဲ့ပါတယ်။

photo credit: li john photography
photo credit: li john photography

သူမကတော့ ယခုမှာ ညို့အားပြင်းတဲ့ အကြည့်လေးတွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်လေးကို ထုတ်ပြလိုက်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို အကြွေကြီးကြွေစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Nay Chi Oo 's facebook 

photo credit: li john photography
photo credit: li john photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။