တောင်ငူက Iron Cross ပရိသတ်ကြီးအတွက်တော့ သတင်းကောင်းပါ။ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ၀ိုင်ဝိုင်းတို့ ပါဝင်တဲ့ Iron Crossရဲ့ ပင်တိုင်အဆိုရှင်လေးဦးဖျော်ဖြေပဲံကို လာမယ့် အောက်တိုဘာ ၁၄ရက်နေ့၊ သောကြာနေ့မှာ၊ တောင်ငူမြို့မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။ Iron Crossရဲ့ Tour ဖျော်ဖြေပွဲအနေနဲ့ နယ်မြို့ကြီးတွေရော၊ ရန်ကုန်နဲ့ မန္တလေးမှာပါ ပြုလုပ်သွားမယ်လို့သိရပါတယ်။

တောင်ငူမြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ တစ်ဦးချင်း သီဆိုမှုတွေအပြင်၊ အဖွဲ့လိုက် သီဆိုမှုတွေပါ ပါဝင်ပြီး၊ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပရိသတ်တွေနဲ့ အတွဲညီညီ သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ပင်တိုင်အဆိုရှင်လေးဦးပါဝင်တဲ့ဖျော်ဖြေပွဲလက်မှတ်ကို တစ်သောင်းကျပ်ကနေ စတင်သတ်မှတ်ထားပြီး လက်မှတ်များကို ရောင်းချနေပြီလို့သိရပါတယ်။ အင်းလေးမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကိုတော့ အခမဲ့တင်ဆက်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အောက်တိုဘာ ၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ Iron Crossရဲ့ ဖျော်ဖြေပွဲမှာတော့ ပရိသတ်တွေ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဖျော်ဖြေပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။