တက်တူးထိုးတာနဲ့ ပတ်သက်ပြီး ၀ါသနာပါတဲ့ပရိသတ်တွေကို စေတနာနဲ့ ဒီသတင်းလေး ပြန်လည်မျှဝေလိုက်တာပါ။

ကာယကံရှင် ကောင်မလေးကိုယ်တိုင်က လူမှုကွန်ရက်မှာ မျှဝေထားတဲ့အတွက် သူ့သတင်းက ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေပါပြီ။

ထိုင်းနိုင်ငံက ကျောင်းသူ ကောင်မလေးတစ်ဦးဟာ သူ့ရဲ့ ရင်ဘတ်အပေါ်က နှင်းဆီပွင့်ပုံ တက်တူးကြီးကို လေဆာနဲ့ဖျက်ဖို့ကြိုးစားခဲ့ပေမယ့်ကံဆိုးချင်တော့ အမှားအယွင်းဖြစ်ပြီး သူမရင်ဘက်အပေါ်မှာ မြင်မကောင်းတဲ့ အမာရွတ်ကြီးကျန်နေခဲ့ပါတယ်။ 

Pasuda Reaw လို့ခေါ်တဲ့ အသက်(၂၁)နှစ်အရွယ် အဆိုပါမိန်းကလေးဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း Udon Thani မြို့မှာ နေထိုင်တဲ့သူဖြစ်ပါတယ်။

သူမဟာ လုပ်ငန်းခွင်ဝင်ရမှာမို့ ရင်ဘတ်နားကတက်တူးကြီးကြောင့် အမြင်မတော်လို့ ဖျက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာလို့ သိရပါတယ်။

ဖျက်ပြီး(၂)လကြာတဲ့အထိ သူမဟာ အရေပြား ယားယံနာကျင်တဲ့ဝေဒနာကိုခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

တက်တူးဖျက်ပေးတဲ့သူကတော့ တက်တူး Gun ကိုသုံးပြီး မှင်တွေကို ပျက်အောင်ဖျက်ပြီးရင် အနာဖတ်တွေက သူ့ဟာသူ ကွာကျသွားမယ်ဆိုပြီးပြောခဲ့တာပါ။

Pasuda တစ်ယောက် သူ့ရင်ဘက်ပေါ်က တက်တူးတွေကို လုံးဝရှင်းအောင်ပျောက်သွားချင်တာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ပန်းရောင်အမာရွတ်ကြီးကတော့ ကျန်နေခဲ့ပါတယ်။

သူမဟာ တက်တူးဖျက်ပြီးဆေးခန်းမှ ပြန်လာထဲက ညဘက်တွေဆို နာလွန်းလို့ အိပ်မပျော်ခဲ့ဘူးလိုု့ ဆိုပါတယ်။ ဒ့ါကြောင့်လည်း သူမလို မဖြစ်အောင် အခြားသူတွေကိုလည်း သတိထားနိုင်ဖို့ အင်စတာဂရမ် ၊ဖေ့ဘုတ်စတဲ့ လူမှုကွန်ရက်တွေကနေ ပုံတွေကို ရှဲလိုက်တာလို့ ပြောပါတယ်။

ကျွမ်းကျင်တဲ့အရေပြားဆရာဝန်တွေပြောပြချက်အရတော့ တက်တူးဖျက်မယ်ဆိုရင် အဆင့်(၃)(၄)ဆင့်လောက် ဖြတ်ကျော်ပြီး စိတ်ရှည်ရှည်နဲ့လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် viral and Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။