ကမ္ဘာ့အတိုဆုံးလို့ မှတ်တမ်းတင် သတ်မှတ်ခံခဲ့ရတဲ့ စစ်ပွဲများထဲတွင် "Georgian-Armenian" စစ်ပွဲဟာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ သမာရိုးကျစစ်ပွဲများဟာ နှစ်ရှည်လများကြာအောင် တိုက်ခိုက်ခဲ့ရသော်လည်း အချိန်တိုတိုနဲ့ ပြီးဆုံးသွားခဲ့တဲ့ စစ်ပွဲများကတော့ သမိုင်းမှာ ပိုမိုထင်ရှားစွာ ထင်ကျန်နေတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင် ၂၄ရက်သာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ဂျော်ဂျီယာ အာမေးနီးယန်းစစ်ပွဲ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

ဂျော်ဂျီယာ ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံနှင့် ဒီမိုကရက်တစ် အာမေးနီးယား အိမ်နီးချင်း နှစ်နိုင်ငံတို့ဟာ ၁၉၁၈ ခုနှစ်တွင် နယ်ခြားခရိုင် သုံးခုအစိတ်အပိုင်းများအပေါ် အငြင်းပွားမှုဖြစ်ကာ စစ်ပွဲ တစ်ရပ်ကို ဆင်နွှဲခဲ့ကြပါတယ်။ အဲ့ခရိုင်များက သမိုင်းစဉ် တစ်လျောက် အာမေးနီးယန်း နှင့် ဂျော်ဂျီယန် ယဉ်ကျေးမှုများ ပေါင်းစည်းနေတဲ့ နယ်မြေများဖြစ်ခဲ့ကြကာ (၁၉) ရာစုတွင် အာမေးနီးယန်း လူမျိုးများ အများစု နေထိုင်ခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်အပြီးတွင် အချို့သော နယ်မြေများကို အော်တိုမန်တို့ က သိမ်းပိုက်ခဲ့ကြပါတယ်။

photo credit pngtree

အော်တိုမန်တို့က အဲ့နယ်မြေများကို ပြန်လည် စွန့်လွှတ်လိုက်ချိန်တွင် ဂျော်ဂျီယာ နှင့် အာမေးနီးယန်း နှစ်ဘက်လုံးက ပိုင်ဆိုင်မှုကို တောင်းခံခဲ့ကြပါတယ်။ အဲ့လို တောင်းဆိုကြရာမှ ၁၉၁၈ ခုနှစ် ၊ ဒီဇင်ဘာလ(၇) ရက်တွင် စစ်ဖြစ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ နှစ်ဖက် စစ်ဖြစ်နေခဲ့ကြရာ ဗြိတိသျှတို့က ဝင်ရောက်ဖြန်ဖြေ ညှိနှိုင်းပေးသဖြင့် စစ်ပြေငြိမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်ပြေငြိမ်းစာချုပ်အရ အငြင်းပွားခဲ့ကြတဲ့ ဘော်ခါနို ခရိုင်အား ဂျောဂျီယာ အာမေးနီးယား နှစ်နိုင်ငံ ပူးတွဲ အုပ်ချုပ်ခဲ့ကြတာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။