Myanmar Idol ရဲ့ Tempo အမြင့်ဆုံးရောက်စေဖို့ ဆွဲခေါ်နိုင်ခဲ့တဲ့ ပရိသတ်အချစ်တော် ကျော်ထက်အောင်ရဲ့ MC လုပ်ခဲ့သမျှပွဲတွေထဲက အမှတ်တရဖြစ်ခဲ့တဲ့ပွဲလေးကိုတော့ အခုလို ပြောပြခဲ့ပါတယ်။

“ ပထမဆုံးတစ်ပွဲက ကိုဂျွန်လွင်ရဲ့ Fashion Week ပါ။ အဲဒီပွဲက ကျွန်တော့်အတွက် အကြီးမားဆုံးနဲ့ စိတ်အလှုပ်ရှားဆုံးပွဲ တစ်ခုပါ။ နောက်တစ်ခုက အကယ်ဒမီပွဲပါ။ အကယ်ဒမီစင်မြင့်ပေါ်ကို ကျွန်တော့်ရဲ့ လက်ဦးဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဖြစ်တဲ့ မတင်မိုးလွင်၊ ကိုဆန်းထွဋ်တို့နဲ့ တက်ရတာက ကျွန်တော့်ဘဝမှာ ဘယ်လိုမှမမေ့နိုင်တဲ့ အချိန်ပါ”လို့ ကျော်ထက်အောင်ကပြောခဲ့တာပါ။ဒါ့အပြင် အချို့အမှတ်တရဖြစ်စတဲ့ပွဲတွေထဲက မှတ်မှတ်ရရရှိနေဆဲပွဲမှာတော့ “ကိုယ့်ဘက်ကမမှားဘဲနဲ့ Client ကို ကျွန်တော်တို့မှားတာပါလို့ ပြောခံရတာ” တဲ့ King of Denim ပွဲပါတဲ့။MC တစ်ယောက်ဖြစ်ဖို့မလွယ်သလို ကြုံတွေရမှာကလည်း အခက်အခဲဖြစ်နိုင်ချေများပါတယ်။

King of Denim နဲ့ပတ်သက်ပြီးတော့ ကျော်ထက်အောင်က “MC တစ်ယောက်အနေနဲ့ ကိုယ့်ဘက်ကမမှားဘဲနဲ့ Client ကို ကျွန်တော်တို့မှားတာပါလို့ ပြောခံရတာ မှတ်မိနေတယ်။ ဒါကလည်း Experience တစ်ခုပဲ။ နောက်တစ်ခါမမှားရအောင် Confirm ယူမယ်ဆို ပြီး မှတ်မိနေတဲ့ပွဲလေးပါ။ ဆုရတဲ့သူကို ကြေငြာဖို့စာရွက်လာပေးတဲ့အချိန်မှာ ခါးနံပါတ်နဲ့ လူနဲ့က မှားနေတယ်။ ဒါပေမဲ့ ကျွန်တော်စင်ပေါ်မှာတော့ တစ်ခါတည်း ပြောလိုက်ပါတယ် စာရွက်လာပေးက တည်းက မှားနေတယ်ဆိုတာကို ဒါပေမဲ့ ပြိုင်ပွဲဝင်တဲ့သူတွေ စိတ်ထဲမှာကျတော့ စင်ပေါ်မှာ Attention တွေများနေတာလည်းပါတော့ ကျွန်တော်ကြေငြာတာကိုသူတို့မကြားလိုက်ဘူး။ မဂ္ဂဇင်းထဲက မှတ် မှတ်ရရရှိတဲ့ ကဏ္ဍဆိုတဲ့ အထဲမှာတော့ ဆုရတဲ့ မော်ဒယ်လ်က Emcee အမှားကြောင့် ဒီလိုစိတ် လှုပ်ရှားရတာ အမှတ်ရပါတယ်ဆိုပြီး ဖြေလိုက်တဲ့အခါ ကျွန်တော် ခေါင်းနပန်းကြီးသွားပြီး ကျွန်တော့်ရဲ့ အရင် Facebook အကောင့်မှာ ဖြေရှင်းလိုက်တော့ မော်ဒယ်လ်ညီလေးကလည်း ကျွန်တော့်ကိုတောင်းပန်ပြီး ကျွန်တော်တို့နှစ်ယောက် အဆင်ပြေသွားပါတယ်။ အဲဒါလေးကတော့ မှတ်မှတ်ရရရှိခဲ့တဲ့ Live ပွဲလေးပါ” လို့ ပြောပြခဲ့ပါတယ်။

Source: Myanmar People Magazine

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။