ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ မနှစ်မြို့စရာ သုခဘုံလို့ တင်စားခေါ်ဝေါ်ရမယ့် ပါမိုင်ရာ ကျွန်းအကြောင်းကို ဗဟုသုတအနေနဲ့ သိရှိမှတ်သားရအောင် စိတ်ဝင်စားဖွယ် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင်ရှိသော ပါမိုင်ရာကျွန်းဟာ မှင်သက်မိလောက်အောင် ဆွဲဆောင်မှုကောင်းတဲ့ အလှအပ များဖြင့် ပြည့်စုံနေတဲ့ ချမ်းမြေ့ဖွယ် သုခဘုံလေးတစ်ခုအဖြစ် ထင်ရှားသကဲ့သို့ မကောင်းဆိုးဝါးများ နှိုးဆွရာ နေရာတစ်ခု အဖြစ်လည်း လူသိများတာ ဖြစ်ပါတယ်။ စင်စစ်အားဖြင့် ပါမိုင်ရာဟာ သန္တာကျောက်တန်း ကျွန်းစု တစ်ခုမျှသာ ဖြစ်ပါတယ်။ ကျွန်း၏ အလယ်ရှိ ရေအောက်မှာ မြုပ်နေတဲ့ ရှေးဟောင်း မီးတောင်၀ တစ်ခု ကို သန္တာကျောက်တန်းများက ဝိုင်းရံထားတာလည်း ဖြစ်ပါတယ်။

photo credit pngtree

ဟာဝိုင်ယီကျွန်းနှင့် စာမိုယာ ကြားတွင် ရှိနေတဲ့ ပါမိုင်ရာဟာ လူသားများ အတည်တကျ အခြေချ နေထိုင်တာမျိုးတွေ မရှိတာကြောင့် တောရိုင်းမြေ တစ်ခုဖြစ်ခဲ့ရပါတယ်။ ၁၇၉၈ ခုနှစ်တွင် တွေ့ရှိခဲ့သော ပါမိုင်ရာဟာ သဘာဝလွန် ဖြစ်ရပ်များ၊ ထိတ်လန့်ဖွယ် အတွေ့အကြုံများ၊ ရှင်းမပြနိုင်တဲ့ ကိစ္စထူးများနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်တွင် အဲ့ကျွန်းသို့ ရောက်ရှိခဲ့သော ရွက်လှေစီးသမား "ရစ်ချတ် တေလာ" က ပါမိုင်ရာကျွန်းဟာ တစ္ဆေကျွန်းထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းကြောင်း ပြောပြခဲ့ပါတယ်။ ယခုအချိန်မှာတော့ ပါမိုင်ရာကျွန်းပေါ်သို့ ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင်အချို့သာ တစ်ခါတစ်ရံ လာရောက် ကြည့်ရှုကြတော့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။