စက်စက်ယိုကျေးရွာလေးအတွက် We Love Fan တွေနဲ ့အတူ ရေကန်ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် အောင်မင်းခန် ့

အောင်မင်းခန် ့ဟာ ပုပ္ပါးဒေသမှာရှိတဲ့ စက်စက်ယိုကျေးရွာလေးမှာ “ပဥ္စလက်ရွာ” ဇာတ်လမ်းတွဲကို သွားရောက်ရိုက်ကူးနေခြင်းဖြစ်ပြီး ရွာအတွက်

လိုအပ်တဲ့ ရေကန်ကို We Love Aung Min Khant Fan များနှင့် အတူ ဆောက်လုပ်လှူဒါန်းပေးခဲ့တာပါ။ အလှူပြုလုပ်ဖြစ်ခဲ့လို ့ပျော်ရွှင်ရပုံကိုတော့

အောင်မင်းခန် ့က “စက်စက်ယိုရွာမှာရေထွက်လာလို ့ပျော်နေတာ။ ကျွန်တော်နဲ ့We Love AMK တို ့ကလည်း ပေါင်းပြီး ရေကန်ဆောက်ဖို ့လှူလိုက်တော့

ပိုပြီးပျော်နေတာပေါ့ဗျာ” လို ့ဆိုပါတယ်။ 

ဆက်လက်ပြီး “ We love AMK group ကတကယ်စည်းလုံးတယ်ဗျာ။ အချင်းချင်းလဲညီကိုမောင်နှမတွေလိုပဲချစ်ကြတယ်။အလှူတန်းလဲရက်ရောကြတယ်။ ခုဆိုမီးကြိုးသွယ်တာ ဘုန်းကြီးဖို့နဝကာမခုရေကန်ဆောက်ဖို့အားလုံးလှူပြီးပြီ။ ရေမီးဆုံသွားတော့

သူတို့လဲဝမ်းသာတာပေါ့ဗျာ။ အားလုံးသာဓုခေါ်နိုင်ပါစေ” လို ့အောင်မင်းခန် ့ကပြောပြသွားခဲ့ပါတယ်။

Source: Aung Min Khant fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။