ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ "မိတ်ဆွေသင်္ဂဟ တိုးပွားလာအောင် ဘယ်လို ပြောဆိုဆက်ဆံကြမလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ဆွေးနွေး ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အကျိုးရှိမယ်လို့ ရယ်ရွယ်ပြီး ပြောပြပေးမှာပါ...။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ သူရဲ့ မျက်လုံးကိုကြည့်ပြီး စကားပြောခြင်းက အာရုံစိုက်တယ်ဆိုတဲ့ သဘောကို ရယ်ညွှန်းတာ ဖြစ်ပါတယ်။

photo credit pngtree

ဒါကြောင့်မလို့ စာဖတ်ပရိသတ်ကြီးအနေနဲ့ ကိုယ်ကပြောတာပဲဖြစ်ဖြစ်၊ သူပြောတာကိုနားထောင်တာပဲဖြဖြစ် မျက်စိလွှဲတာတို့၊ ဟိုကြည့်ဒီကြည့်နဲ့ မျက်စိကစားတာတို့ မပြုလုပ်ဘဲ မျက်လုံးကိုတည်ငြိမ်စွာထားပြီး ကြည့်ပြောရမှာပါနော်...။ ထိုကဲ့သို့ ပြုလုပ်ခြင်းက လူတွေရဲ့ အာရုံစိုက်မှု၊ ချစ်ခင်နှစ်သက်မှုကိုရရှိစေပြီး၊ လုပ်ငန်းခွင်အင်တာဗျူးဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်..။ သင်ရဲ့ ပတ်ဝန်းမှာရှိတဲ့ သူတွေနဲ့ စကားလက်ဆုံကျတာတို့၊ စကားစမြည်ပြောကြတဲ့ အခါတို့မှာ ဆွေးနွေးတာလေးတွေကို ပြုလုပ်ခြင်းဖြင့် မိတ်ဆွေပေါင်းသင်း တိုးပွားလာမှာဖြစ်ပါတယ်။

photo credit pngtree

သင့်ရဲ့ ပတ်ဝန်းကျင်ကသူတွေနဲ့ အကျိုးရှိတဲ့ "conversation" တစ်ခုကိုဖန်တီးလိုက်ခြင်းဖြင့် သင်ရဲ့ စကားပြောစွမ်းရည်ကိုတိုးမြှင့်ပြီးသားဖြစ်သလို တစ်ဖက်သူရဲ့ အမြင်မှာလည်း ဖော်ရွေစွာ စကားပြောတတ်တဲ့သူဆိုပြီး နှစ်လိုဖွယ်အမှတ်ရနေစေမှာပါ...။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ ဟာသလေးတွေကောနှောပြီး ပြောတတ်ခြင်းကလည်း သင်တို့နှစ်ယောက်ရဲ့ "conversation"ကို မရိုးအီသွားအောင် ထိန်းထားနိုင်သလို သင့်အပေါ် တစ်ဖက်သူရဲ့ နှစ်လိုဖွယ်ဖြစ်ခြင်းကိုလည်း ဖန်တီးပြီးသား ဖြစ်နေမှာ အမှန်တစ်ကယ်ပင် ဖြစ်ပါတယ်။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။