ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ "Bolivia's Train Graveyard" (ဘိုလီဗီးယား မီးရထား သင်္ချိုင်း) အကြောင်းကို ဗဟုသုတ အနေနဲ့ သိရှိမှတ်သားလို့ရအောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘိုလီဗီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်း အင်ဒီးစ် တောင်တန်း အမြင့်ပိုင်းတွင် စလာဒီအူယူနီဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ဆားကျင်းကြီး ရှိပါတယ်။ ၁၈၈၈ ခုနှစ်က အဲ့ဒေသမှာ သထ္တုတွင်း လုပ်ငန်းများဟာ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့လို တိုးတက်ခဲ့တဲ့ အတွက်ကြောင့် ရထားလမ်းများကို ပစိဖိတ်သမုဒ္ဒရာ အောက်ပိုင်းဒေသများ အထိ ဖောက်လုပ်ရန် ဗြိတိသျှ အင်ဂျင်နီယာများအား ဘိုလီဗီးယားနိုင်ငံက ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်မခံကြတဲ့ ဒေသခံ အမ်ရာမာ တိုင်းရင်းသားများက ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းကို အမျိုးမျိုး နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ၁၈၉၂ ခုနှစ်မှာမှ အားလုံးပြီးစီးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ၁၉၄၀ ပြည့်နှစ်မှာတော့ ဒေသခံ သတ္ထုတူးဖော်ရေးများ ပြိုလဲခဲ့တာကြောင့် ဗြိတိသျှတို့ ဖောက်လုပ်ခဲ့တဲ့ ရထားလမ်းများဟာ စိတ်မကောင်းစွာနဲ့ဘဲ အသုံးမဝင် ပိတ်ပင်ခဲ့ရပါတော့တယ်။

photo credit pngtree

ဒီလိုနဲ့ ရေနွေးငွေ့သုံး ရထားစက်ခေါင်းများဟာလည်း ဆားကျင်းများပေါ်တွင် စွန့်ပစ်ခံရပါတော့တယ်။ အခုခေတ်မှာတော့ အဲ့လို စွန့်ပစ်ထားခဲ့တဲ့ ရထားခေါင်းများဟာ သံချေးများတက်နေပြီး ထူးခြားသော မြင်ကွင်းတစ်ရပ် ဖြစ်လာပါတော့တယ်။ နှစ်ပေါင်းများစွာ စွန့်ပစ်ထားတာကြောင့် အခွံများသာ ကျန်ရှိတော့ပြီး ရထားခေါင်း အစိတ်အပိုင်းများဟာ နေရာအနှံ့ ပြန့်ကြဲစွာ ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့လို တစ်ချိန်က ကောင်းစွာ အသုံးမပြုလိုက်ရဘဲ စွန့်ပစ်ခံခဲ့ရတဲ့ မီးရထားများဟာ ယခုချိန်မှာတော့ အနီးအနားရှိ ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသည်များကို အသနားခံ မြင်ကွင်းတစ်ခုအဖြစ် ဆွဲဆောင် ဖမ်းစားလျက် ရှိနေပါတော့တယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။