ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးသော ဥသျှောင်တို့၏ စံအိမ်နန်းတော်တွေ ထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Tokyo Imperial Palace" တိုကျိုနန်းတော် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ရှေးအခါက ဘုရင်မင်းမြတ်တို့ စိုးစံနန်းစိုက်ခဲ့ကြတဲ့ အချို့ စံအိမ် နန်းတော်များဟာ ယခုအခါတွင် အသုံးမပြုသော်လည်း ကမ္ဘာအနှံ့က လူများ၏ စိတ်ဝင်တစား လာရောက်ကြည့်ရှုမှုတော့ ရှိကြတာ ဖြစ်ပါတယ်။

photo credit pngtree

ရာစု နှစ်ပေါင်းများစွာ ပဒေသရာဇ်တို့ နေထိုင်ခဲ့ကြတဲ့ နန်းတော်များ၊ ခံတပ်များ အစရှိတဲ့ ဥသျှောင်တို့ရဲ့ စံအိမ်များဟာ နိုင်ငံ့ သမိုင်း၏ အစိတ်အပိုင်းများ ဖြစ်ကြပါတယ်။ အဲ့နန်းတော် စံအိမ်များရဲ့ ယဉ်ကျေးမှု အမွေအနှစ် မပြောက်ပျက်အောင် ထိန်းသိမ်းခြင်းဖြင့် နိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ တိုကျိုနန်းတော်မှာလည်း ရှေးဟောင်း အနုပညာ လက်ရာပေါင်းများစွာကို ပရိသတ်ကြီးတို့ ရှုမြင်ခံစား ကြရမှာဖြစ်ပါတယ်။ အဲ့နန်းတော်ကြီးရဲ့ သမိုင်းအကျဉ်းကို ဆက်လက်ဖတ်ရှု သွားပါဦးနော်။

photo credit pngtree

ကြီးမား ကျယ်ပြန့်သော ဥယျာဉ်တစ်ခုနဲ့တူတဲ့ "Tokyo Imperial Palace" ကြီးဟာ ဂျပန်ဘုရင်တို့ အဓိက ရုံးစိုက်သော စံအိမ်တော်ကြီး ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်က ဂျပန်နိုင်ငံတွင် အိမ်ခြံမြေဈေးများ အဆမတန် မြင့်တက်ခဲ့စဉ်က နန်းတော်မြေနေရာ၏ တန်ဖိုးဟာ အမေရိကန်နိုင်ငံ ၊ ကာလီဖိုးနီးယားပြည်နယ် တစ်ခုလုံးရှိ အိမ်ခြံမြေအားလုံး၏ တန်ဖိုးထက်ပိုခဲ့ပါတယ်။ ဘုရင့် မိသားစုတို့ ပြည်သူ့ရှေ့မှာ ထွက်လေ့ရှိတဲ့ နှစ်စဉ် ဇန်နဝါရီလ ၂ ရက် နှင့် ဒီဇင်ဘာလ ၂၃ ရက်တို့မှလွဲ၍ ကျန်ရက်များတွင် နန်းတော်ဥယျာဉ်အတွင်းပိုင်းနှင့် အဆောက်အအုံ အားလုံးတို့အား အများပြည်သူများကို ဝင်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။