အပါတ်စဉ် ထုတ်လွှင့်ပေးနေကြဖြစ်တဲ့ "Cooking For You" အစီအစဉ်ကနေ ဒီတစ်ခါမှာတော့ ဂဏာန်းခွက်ကြော် လုပ်နည်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ချက်ပြုတ်ပြသပေးသွားမယ့် သူကတော့ MLTV ရဲ့ ပင်တိုင် စာဖိုမှူးလေးဖြစ်တဲ့ "MasterChef Myanmar (season 1) ရဲ့ Top 3 ပြိုင်ပွဲဝင် မနီလာအောင်ဝင်းပဲဖြစ်ပါတယ်။

ဂဏာန်းခွက်ကြော် ပြုလုပ်တော့မယ်ဆိုရင် ဂဏာန်းအသားရယ်၊ မိမိစိတ်ကြိုက် အသီးအရွက်တွေကို ထည့်သုံးလို့ရပါတယ်။ ကြော်ပုံ ကြော်နည်းလေးကို အနည်းငယ် ပြောပြပေးသွားပါ့မယ်နော်။ ပထမဦးဆုံး ရေပွက်ပွက်ဆူနေတဲ့ အိုးထဲကို နံနံပင်၊ သံပုရာသီး၊ ဆားအနည်းငယ်၊ ဂဏာန်းများကို ထည့်ပြီး ပြုတ်ရမှာဖြစ်ပါတယ်။ အချိန် အနည်းငယ်ကြာအောင် ပြုတ်ပြီးသွားရင် ဂဏာန်း အခွံနွှာပြီး အသားထုတ်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် ပြုလုပ်ရမှာကတော့ ကြော်မယ့် ဒယ်အိုးထဲကို ဆီ၊ ကြက်သွန်ဖြူ၊နီ၊ ငရုပ်သီး၊ ဂေါ်ဖီ၊ နံနံပင်၊ ဆား၊ ငရုပ်ကောင်း စတာတွေကို အနည်းငယ်ထည့်ပြီး ဆီသပ်ရမှာဖြစ်ပါတယ်။ ခရုပ်ဆီလေးပါ ထည့်ပြီး သပ်မယ်ဆို ပိုကောင်းတာပေါ့နော်။ သုံးပုံပုံ တစ်ပုံလောက် ပြောပြပေးပြီးသွားပြီ ဖြစ်တာမလို့ နောက်ဆုံး ကြော်တဲ့ အဆင့်လေးကိုတော့ ဗီဒီယိုဖိုင်လေးမှာ ဆက်လက်ရှုစားကြပါ ခင်ဗျာ။ ပိတ်ရက်တွေမှာဖြစ်ဖြစ်၊ New Year မှာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ သူတွေနဲ့ အတူလုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ် အစားတစ်လိုင်း ဘော်ဘော်တို့ရေ.....။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။