MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရတနာပုံအက်ဖ်စီအသင်း၏ တိုက်စစ်မှူး ၀င်းနိုင်စိုးက သွင်းဂိုး (၁၈) ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆုနှင့် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ ချင်းယူနိုက်တက်အသင်းတိုက်စစ်မှူး ဆူလီဗန်တေလာက သွင်းဂိုး (၁၇) ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

photo credit:MNL' s facebook
photo credit:MNL' s facebook

၂၀၁၉ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး ကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ ဒေးဗစ်ထန်းမှ ရရှိသွားခဲ့ပါတယ်။ထို့အတူ ၂၀၁၉ အတွက် လူငယ်အကောင်းဆုံး ကစားသမားဆုကိုChainat Hornbillနှင့် မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်းမှ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်မှ ရရှိသွားခဲ့ပါတယ်။

photo credit:MNL' s facebook
photo credit:MNL' s facebook

၂၀၁၉ ခုနှစ်အတွက် အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး ရီရီဦးနှင့် လူငယ်အကောင်းဆုံး ကစားသမားဆုကို ဖြူဖြူဝင်းတို့က ရရှိခဲ့ပါတယ်။၂၀၁၉ အတွက် အကောင်းဆုံး နည်းပြဆုကို ရှမ်းယူနိုက်တက်အသင်းကို ရှုံးပွဲမရှိ စံချိန်ဖြင့် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သော ဦးအောင်နိုင် (ရှမ်းယူနိုက်တက်)မှ ရရှိသွားခဲ့ပါတယ်။

source:MNL' s facebook 

photo credit:MNL' s facebook
photo credit:MNL' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။