ပိုးကြာဖြူခင်ကတော့ mrtv4 မင်းသမီးချောလေးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလဲ အခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကြွေလောက်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတဲ့ ပိုးကြာဖြူခင်ကတော့ ယခုမှာ ရုပ်သံဇာတ်လမ်းတွဲတွေကိုလဲ ရိုက်ကူးနေသလို ပွဲတွေကိုလဲ မကြာမဏတတ်ရောက်နေသူဖြစ်ပါတယ်။

photo credit: Poe Kyar Phyu Khin 's facebook
photo credit: Poe Kyar Phyu Khin 's facebook

ပိုးကြာဖြူခင်ကတော့ သူမပါဝင်တဲ့ ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိင်သူဖြစ်ပြီး သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ချီကျူးမှုကို ရရှိနေသူပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ပိုးကြာဖြူခင်တစ်ယောက် ရေတာရှည် မြို့က သူမကို အားပေးတဲ့ ချစ်ပရိတ်သတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

photo credit: Poe Kyar Phyu Khin 's facebook
photo credit: Poe Kyar Phyu Khin 's facebook

သူမကတော့" မနေ့ညက Fan meeting လေးပါရေတာရှည် မြို့က ပရိတ်သတ်တွေနဲ့ ဆုံတွေ့ခွင့်ရအောင် ဖိတ်ခေါ်ပေးခဲ့တဲ့ ကိုတင်မောင်ဆန်းမင်းဝင်း နဲ့ တကွ ပွဲစီစဉ်သူအားလုံး ကိုကျေးဇူးများကြီးတင်ပါတယ် မိုးတွေရွာ လေတွေတိုက် ပြီး ရာသီဥတု အရမ်းအေးနေတဲ့ကြားက တကူးတက လာရောက်အားပေးကြတဲ့ ချစ်ပရိတ်သတ်တွေအားလုံးကိုလဲ ကျေးဇူး များကြီး များကြီး တင်ပါတယ်ရှင့် ဆိုင်းမိုင်ပေးတဲ့ T-shirt လက်ဆောင် လေးတွေ ကိုလဲ ကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source: Poe Kyar Phyu Khin 's facebook

photo credit: Poe Kyar Phyu Khin 's facebook
photo credit: Poe Kyar Phyu Khin 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။