ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ အီတလီနိုင်ငံမှာရှိတဲ့ "Poveglia Island" ကျွန်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားစေရန် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

၁၃၄၇ ခုနှစ်ကစပြီး Poveglia ကျွန်းလေးဟာ ဝိညာဉ်တွေခိုအောင်းတဲ့ ကျွန်းလေးအဖြစ် ယနေ့အချိန်ထိ နာမည်ကြီး ကျော်ကြားခဲ့တာဖြစ်ပါတယ်။ ၁၃၄၈ ခုနှစ်ကျတော့ အဲ့ကျွန်းလေးမှာ ပလိပ်ရောဂါသည်တွေကို ဆေးကုသပေးခဲ့တဲ့ ဆေးရုံကြီး ဆောက်လုပ်ခဲ့ပါတယ်။ နည်းပညာမတိုးတက်သေးတာကြောင့် ပလိပ်ရောဂါနဲ့ သေဆုံးသူ ၁၆၀၀၀၀ အထိရှိခဲ့ပါတယ်။

photo credit pngtree

၁၈၀၅ခုနှစ်မှာ စစ်အာဏာရှင် နပိုလီယံက မီးပြတိုက်အဖြစ် သုံးခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် ၁၉၂၂- ၆၈ ခုနှစ်အထိကျတော့ "Mental Hospital" ကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ ရာစုနှစ်ချီအောင် ကံမကောင်းခြင်းများစွာနဲ့ပဲ အဆုံးသတ်ခဲ့တာမလို့ အဲ့ကျွန်းပေါ်သို့ ခရီးတထောက် ဝင်ရောက်နားခိုးခြင်းမျိုးကို ရှောင်ရှားခဲ့ကြပါတယ်။ သို့သော် အဲ့ကျွန်းကြီးဟာ အီတလီနိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံး နေရာတွေထဲက တစ်နေရာဖြစ်သလို ghost hunter များကို ဆွဲဆောင်မှုပေးနိုင်ဆုံး နေရာလို့လည်း ပြောလို့ရပါတယ်။

Source Once A Glance Page

photo credit pngtree

photo credit pngtree
photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။