ဆယ်စုနှစ်တွေတိုင်အောင် ပရိသတ်တွေရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူတွေကတော့ ပြေတီဦးနဲ့အူဝဲတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ပရိသတ်တွေကို ကောင်းမွန်သော အနုပညာတွေကိုသာ ချပြချင်တဲ့သူတွေဖြစ်တာကြောင့် ဇာတ်အိမ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေသာ ရွေးချယ်ရိုက်ကူးကြသူတွေပါ။ 

Photo Credit- Eaindra Kyaw Zin’s Facebook
Photo Credit- Eaindra Kyaw Zin’s Facebook

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ကြော်ငြာတွေ ရိုက်ကူးနေကြတာပါ။ မကြာသေးခင်ကလည်း အူဝဲရဲ့လူမှုကွန်ယက်စာမျက်နှာတွင် နှစ်သစ်ဆုမွန်ကောင်းတောင်းပေးထားတာပါ။ ဒါကတော့ " HAPPY NEW YEAR! ALL OF MY FANS

ကျန်းမာခြင်း၊ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း၊စိတ်နှလုံးချမ်းမြေ့ခြင်း၊ကြံစည်သမျှအောင်မြင်ခြင်း၊ 

Photo Credit- Eaindra Kyaw Zin’s Facebook
Photo Credit- Eaindra Kyaw Zin’s Facebook

အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း၊လာဘ်လာဘကြွယ်ဝခြင်းအပေါင်းနှင့်နှစ်သစ်မှာ ပြည့်စုံကြပါစေ...

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ

လွန်ခဲ့တဲ့ ၉နှစ်က ဒီလိုနေ့မှာ သူ..ဒို့ကို...ဒို့ မေမေဆီမှာ လာတောင်းတာပေါ့ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Eaindra Kyaw Zin’s Facebook 

Photo Credit- Eaindra Kyaw Zin’s Facebook
Photo Credit- Eaindra Kyaw Zin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။