အိန္ဒိယ သမုဒ္ဒရာနှင့် သြစတြေးလျ ရေပိုင်နက်အတွင်းမှာရှိတဲ့ ခရစ္စမတ်လို့ အမည်ပေးထားတဲ့ ဂဏန်းနီကျွန်း အကြောင်းကို ဖော်ပြပေးမယ်ဆိုရင် ပရိသတ်ကြီး စိတ်ဝင်တစား ဖတ်ရှုကြမယ်လို့ ယုံကြည်ပါတယ်။ အဲ့ကျွန်းကြီးကို ၁၆၄၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး ဧရိယာအကျယ်အဝန်းကတော့ ၁၃၅ စတုရန်းကီလိုမီတာ တည်ရှိပါတယ်။ ကျွန်းရဲ့ ၆၃ ရာခိုင်နှုန်းသော ဂဏန်းနီများကို သစ်တောအတွင်း ဂေဟ စနစ်အဖြစ် သြစတြေးလျနိုင်ငံရှိ အမျိုးသားဥယျာဉ်က ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

photo credit pngtree

ထို့ပြင် အဲ့ကျွန်းကြီးမှာ ဂဏန်းနီတစ်မျိုးတည်း မဟုတ်ဘဲ အခြားသော မျိုးစိတ် ၁၄ခုလည်းရှိနေပါ သေးတယ်။ ဂဏန်းနီမျိုးစိတ်ကတော့ အများဆုံးလို့ ပြောရမှာပါ။ အဲ့ဂဏန်းနီတွေက သာမာန် အချိန်များမှာ သစ်တော အတွင်းရှိ ကျွင်းများတွင် နေထိုင်ကြသော်လည်း မိုးရာသီရောက်ရင်တော့ ပင်လယ်ပြင်သို့ ဥ ဥရန် ထွက်ခွာကြတာ ဖြစ်ပါတယ်။ နှစ်စဉ် ပင်လယ်ပြင်သို့ ထွက်ခွာကြတဲ့ ဂဏန်းကောင်ရေဟာ သန်း ၁၂၀နီးပါး ရှိပါတယ်။

photo credit pngtree

အဲ့လို ပင်လိုပြင်သို့ ထွက်ခွာရင်းနဲ့ လမ်းမှာတင် သေဆုံးကြတဲ့ ဂဏန်းနီများလည်း ရှိပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျွင်းတွေကနေ ၅ မိုင် ကျော်လောက် ကုန်းလမ်း ခရီးကို သွားကြရသဖြင့် သစ်တောအတွင်းမှာရှိတဲ့ ပုရွက်ဝါတို့၏ တိုက်ခိုက်ခံရမှုနှင့် ရေဓာတ် ဆုံးရှုံးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဂဏန်းဖိုများဟာ ပင်လယ်အတွင်းသို့ ရောက်တာနဲ့ အမများနဲ့ မိတ်လိုက်ကြပြီး သစ်တောသို့ ပြန်ကြပါတယ်။ အမများကတော့ ပင်လယ်တွင်းမှာ သန်းနဲ့ချီသော ဂဏန်းပေါက်များကို ပေါက်ဖွားကာ ခရစ္စမတ်ကျွန်းသို့ မသေဘဲ ကျန်ရှိတဲ့ အဖိုတွေနဲ့အတူ ပြန်လည် ရောက်ရှိလာကြပါတယ်။ အဲ့လိုဂေဟစနစ်ဖြင့် သစ်တောအတွင်းမှာ ပုံမှန် လည်ပတ်လျက်ရှိနေပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။