ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ထိုင်းဘာသာစကား တစ်ခုဖြစ်တဲ့ ရာချာစက်ပ် ဘာသာစကား အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ရာချာစက်ပ် (Rachasap) ဘာသာစကားဟာ ထိုင်းနိုင်ငံ ဘုရင် မင်းမြတ်သာ သီးသန့်သုံးစွဲတဲ့ဘာသာစကား ဖြစ်ပါတယ်။ ထိုင်းဘုရင် မင်းမြတ်ဟာ ထိုင်းပြည်သူတစ်ရပ်လုံး၏ အချစ်ခင်ဆုံးနှင့် အလေးအမြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဘုရင်နှင့် တော်ဝင် အကြောင်းပြောဆိုကြရာတွင် ထိုင်းတို့က ရာချာစက်ပ်ဟူတဲ့ တော်ဝင်စကားကိုသာ သီးသန့်ဘာသာ စကားတစ်ခုအဖြစ် အသုံးပြု ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့လို သုံးစွဲခဲ့တာ လွန်ခဲ့တဲ့ နှစ်ခုနစ်ရာကတည်းကပဲ ဖြစ်ပါတယ်။ ထိုင်းလူမျိုးများဟာ ရာချာစက်ပ်ကို သိရှိကြသော်လည်း မှန်ကန်စွာ ပြောဆိုနိုင်တဲ့သူက အနည်းငယ်မျှသာ ရှိပါတယ်။ ဘုရင်နဲ့ တော်ဝင်မိသားစုများ အကြောင်းတစ်ခုခုကို ပြောကြားတိုင်း ရာချာစက်ပ်စကားသံကို နေ့စဉ်လိုလို ရေဒီယို၊ ရုပ်မြင်သံကြားများမှ ကြားနိုင်မှာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။