ပရိသတ်ကြီးတို့ရဲ့ အချစ်တော်ထိပ်တန်းအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးနဲ့ အဆိုတော် Ar-T တို့ကတော့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်နော်..။

မတူညီတဲ့ အနုပညာနယ်ပယ်တွေကနေ ပရိသတ်တွေကိုယ်စီအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ နှစ်သစ်လေးမှာ Gym အတူကစားရင်း ဖြတ်သန်းနေကြပါတယ်နော်..။

Photo Credit - Ar-T's Facebook

နှစ်သစ်ရဲ့ ပထမဆုံးအစနေ့လေးမှာ သူငယ်ချင်းနှစ်ယောက် Gym ကစားရင်း အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကူးကာ ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

သူငယ်ချင်းနှစ်ယောက်အတူ အခွီပုံလေးတွေနဲ့ မျက်နှာပြောင်ကာ ဓာတ်ဖမ်းထားကြတဲ့ပုံရိပ်လေးတွေက တကယ်ကို ချစ်စရာလေးမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Ar-T's Facebook
Photo Credit - Ar-T's Facebook

"HAPPY NEW YEAR from သူငယ်ချင်းနှစ်ယောက် !!! A very brand new year and a very brand new us .." ဆိုပြီး သူငယ်ချင်းနှစ်ယောက်ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို Ar-T က မျှဝေထားတာပါ..။

ဒီကနေ့လေးမှာတော့ ဆံရစ်ဝိုင်းကေလေးမှာ Gym ကစားရင်း ချစ်စရာကောင်းစွာ မျက်နှာပြောင်နေတဲ့ ဖွေးစိန်လေးနဲ့ Ar-T တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Ar-T's Facebook

Photo Credit - Ar-T's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။