ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ "San Luis Valley"လို့ခေါ်တဲ့ ထူးခြားဆန်းပြားသော အံ့သြဖွယ် နေရာကြီးအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမယ့် အဖြစ်အပျက်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ပတ်သက်နေပါတယ်။ အာကာသ သိပ္ပံဖြစ်ရပ်ဆန်းတွေကို စိတ်ဝင်စားကြတဲ့သူတွေက ပိုသက်ပြီး နှစ်သက်ကြမှာ ဖြစ်ပါတယ်။

photo credit pngtree

လယ်ကွင်းတွေထဲမှာ ထူးဆန်းတဲ့ ပုံရိပ်တွေကို ဂြိုလ်သားတွေက ဖန်တီးပြသသွားခဲ့တဲ့ ဇာတ်ကားတွေ၊ တိရိစ္ဆာန်တွေ ထူးခြားစွာ ပျောက်ဆုံးသွားတဲ့ ဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါနော်။ အဲ့လိုပဲ အပြင်လောကမှာလည်း တစ်ကယ်ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ တည်နေရာကို ပြောရမယ်ဆိုရင် အမေရိကန် ကော်လိုရာဒိုပြည်နယ်မှာပဲ ဖြစ်ပါတယ်။

photo credit pngtree

ပျောက်ဆုံးသွားတဲ့ တိရိစ္ဆာန်တွေက အကောင်ကြီးအမျိုးစားတွေဖြစ်တဲ့ ကျွဲ၊နွား စတာတွေပဲဖြစ်ပါတယ်။ ခိုးယူသွားတာတို့၊ ကျားစွဲသွားတာတို့မဟုတ်ကြောင်း ဒေသခံတွေရဲ့ စကားအရ သိရပါတယ်။ ပြီးတော့ ရိုးရိုးတန်းတန်း ပျောက်သွားတာမဟုတ်ပဲ အဲ့သားကောင်ကြီးတွေရဲ့ အတွင်းကလီစာတွေ၊ ခြေလက် အင်္ဂါတွေ၊ ဦးနှောက်တွေက ထူးဆန်းစွာ ကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့နီးနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံ ၅၀လောက်က "UFO" (ပန်ကန်းပြားပျံ) တွေကိုလည်း မကြာခဏဆိုသလို မြင်တွေ့ကြတယ်လို့ ဆိုပါတယ်။ ဂြိုလ်သားတွေကများ ယာဉ်ပျံတွေနဲ့ လာခေါ်သွားပြီး စမ်းသပ်စစ်ဆေးရာမှ မလိုအပ်တဲ့ အကြွင်းအကျန်တွေကို ပြန်လည်ထားသွားတာများ ဖြစ်နေမလား ပရိသတ်ကြီးရေ....။ ပရိသတ် တစ်ယောက်ချင်းစီတိုင်းရဲ့ ထင်မြင်ယူဆချက်လေးတွေ မန့်ပေးသွားပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit Once A Glance page

သတင်း ဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။