မင်းသမီးချောလေးဝတ်မှုံရွှေရည်က အနုပညာလောကမှာ ယနေ့အချိန်အထိ ပရိသတ်တွေရင်ထဲမှာ ချစ်ခင်မှုအပြည့်နဲ့ အခိုင်အမာရပ်တည်နေတာပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်လေးရဲ့အသားအရည်လေးတွေကလည်း ဖြူဖွေးနုဖက်လွန်းနေပြီး သေးသေးသွယ်သွယ် Body မျိုးလေးနဲ့ ချစ်စရာကောင်းနေလွန်းတာကြောင့် ပရိသတ်တွေ အားပေးမှုတွေကိုရရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ပြည်ပနိုင်ငံရပ်ခြား ခရီးတွေကို ခဏခဏ သွားလေ့ရှိပြီး ရောက်ရှိခဲ့တဲ့နေရာတိုင်းမှာလည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလေ့ရှိပါတယ်။

Photo Credit – Wutt Hmone Shwe Yi’s Facebook
Photo Credit – Wutt Hmone Shwe Yi’s Facebook

လတ်တလောမှာဆိုရင် ဝတ်မှုံရေ့ွှရည်ကတော့ နှစ်သစ်မှာ ပျော်ရွှင်စရာခရီးသစ်အဖြစ်ပြင်သစ်နိုင်ငံကို အပန်းဖြေရောက်ရှိနေပြီး ဖက်ရှင်ကျကျဒီဇိုင်းလေးနဲ့ ဓာတ်ဖမ်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက် ယခုအခါမှာတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အေးချမ်းလှတဲ့ ပြင်သစ်နိုင်ငံရဲ့ဆောင်ရာသီလေးမှာ ပျော်ရွှင်စရာနေ့သစ်လေးကိုဖြတ်သန်းရင်း ချစ်စရာကောင်းနေတဲ့ အပြုံးလေးတွေကိုတော့ ပရိသတ်တွေက သဘောကျနှစ်သက်စေမှာအမှန်ပါနော်..။ထို့အပြင် အမိုက်စားဖက်ရှင်ဝတ်စုံလေးကိုဝတ်ပြီး အပြုံးချိုချိုလေးတွေနဲ့ မြင်သူတကာကို ညို့ယူဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။

Photo Credit – Wutt Hmone Shwe Yi’s Facebook
Photo Credit – Wutt Hmone Shwe Yi’s Facebook

ပရိသတ်ကြီးကလည်း လွတ်လပ်ပေါ့ပါးပြီးကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် လေးကို အသည်းလေးတွေ ပေးခဲ့ပါဦး။မင်းသမီးချောလေးဝတ်မှုံရွှေရည်လေးကလည်း ပျော်ရွှင်စရာနှစ်သစ်လေးမှာ ခရီးထွက်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ရှုခံစားစေဖို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့ပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေး နှစ်သစ်မှာ ပြည်ပနိုင်ငံမှာအပန်းဖြေနေတဲ့ မင်းသမီးချောလေးဝတ်မှုံရွှေရည် ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Wutt Hmone Shwe Yi’s Facebook

Source – Wutt Hmone Shwe Yi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။