တစ်ခေတ်တစ်ခါက အနုပညာလောကတွင် အောင်မြင်မှုတွေရရှိထားပြီး ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ မင်းသားချော နိုင်းနိုင်းပါ။ သူဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးများလည်း လက်ခံရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးကိုဖန်တီးတည်ဆောက် ထားနိုင်သူတစ်ယောက်ပါ။  

Photo Credit - Actor99's Facebook
Photo Credit - Actor99's Facebook
Photo Credit - Actor99's Facebook

နိုင်းနိုင်းဟာ လတ်တလောမှာတော့ မိသားစုရှိရာ နယူးယောက်မြို့ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကလေးတွေနဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပရိသတ်တွေအတွက် Live လွှင့်ကာ စကားပြောခဲ့တာပါ။

Photo Credit - Actor99's Facebook
Photo Credit - Actor99's Facebook
Photo Credit - Actor99's Facebook

ဒါကတော့ နေမကောင်းဖြစ်နေတဲ့ သားနဲ့သမီးတွေကို ကိုယ်တိုင်ခွံ့ကျွေးကာ ဂရုတစိုက်နဲ့ဆေးတိုက်နေတဲ့ နိုင်းနိုင်းရဲ့ Video လေးပါ။ နိုင်းနိုင်းဟာ အလည်အပတ်ရောက်ရှိနေချိန်လေးမှာ သား၊သမီးတွေကို အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်နေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Credit - Actor99's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။