လတ်တလောမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ မင်းသားချောလေး ပိုင်တံခွန်ပါ။ သူဟာ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်များသာမကပဲ ထိုင်နိုင်ငံ ကောင်မလေးတွေပါ အားပေးနေရတာပါ။ သူ့ရဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး ဝါရင့် အနုပညာရှင်များကပါ ချီးကျူးနေရတာပါ။

Photo Credit : Paing Takhon facebook
Photo Credit : Paing Takhon facebook

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ မြန်မာမလေးတွေပါမက ထိုင်းမလေးတွေပါကြွေသွားရလောက်တဲ့ အလန်းစားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Paing Takhon facebook
Photo Credit : Paing Takhon facebook

ပုံလေးထဲမှာ ပိုင်တံခွန်တစ်ယောက် အထာကျကျနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပရိသတ်တွေ ကြွေနေမှာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Paing Takhon facebook
Photo Credit : Paing Takhon facebook

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။