ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက နာမည်ကျော်အနုပညာရှင်တွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ဖြူဖြူထွေးကတော့ သူမရှာဖွေထားတဲ့အနုပညာကြေးတွေနဲ့ မိဘကိုတစ်ဖက်တစ်လမ်းက လုပ်ကျွေးနေတာဖြစ်ပါတယ်။

Photo Credit :Phyu Phyu Htwe facebook

ဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်။

Photo Credit :Phyu Phyu Htwe facebook
Photo Credit :Phyu Phyu Htwe facebook

သူမကတော့ ပရိတ်သတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အစိမ်းရောင် ဖက်ရှင်လေးနဲ့ ယဉ်ယဉ်လေးလှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ချစ်စရာကောင်းလွန်းနေပြီး ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။

Photo Credit :Phyu Phyu Htwe facebook
Photo Credit :Phyu Phyu Htwe facebook

Source:Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။