အမွန်းကတော့ အောင်မြင်နေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အမွန်းကတော့ ချစ်ရတဲ့ ချစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ relationshipကို ပိုင်ဆိုင်ထားပြီး ချစ်သူသက်တမ်းလေးနှစ်ကျော်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

source: Ah Moon 's facebook
source: Ah Moon 's facebook

အမွန်းကတော့ ချစ်ရတဲ့ ချစ်သူနဲ့အတူ မင်္ဂလာလက်ထပ်ပွဲကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမယ့်အကြောင်းကို ပရိသတ်တွေထံ ပြောပြထားခဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ သူကျွန်မကို ပြီးခဲ့တဲ့နှစ်၂၀၁၉ သြဂုတ်လ ချစ်သူသက်တမ်း လေးနှစ်ပြည့်ချိန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Ah Moon 's facebook
source: Ah Moon 's facebook

သူမကတော့ " ဒီနေ့မှာတော့ သုံးဖက်သောမိဘ ေ ရှ့( သူ့မိဘ, ကျွန်မမိဘနဲ့, ကချင်ထုံးတမ်းစဉ်လာအရ သူ့ကိုသားအဖြစ်အသိအမှတ်ပြု မွေးစားတဲ့ သူ့ရဲ့ကချင်မိဘ Duwa Lahtaw Hkun Myat Family ) လူကြီးစုံရာနဲ့ သူ့ကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲလေးကျင်းပပြီးပါပြီ မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Ah Moon 's facebook 

source: Ah Moon 's facebook
source: Ah Moon 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။