သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ ဇာတ်ကားတွေရိုက်ကူးရင်း နာမည်ရအောင်မြင်နေတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့အတူ ရိုးသားဖြူစင်တဲ့ နှလုံးသားအလှပိုင်ရှင်လေးဖြစ်တဲ့ စိုးပြည့်က ယောက်ျားလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

စိုးပြည့်သဇင်က ပြင်ဆင်ခြယ်သမှုတွေမရှိရင်တောင်မှ ပကတိအလှတရားတွေနဲ့ ရိုးရိုးလေးလှနေလွန်းသူလေးဖြစ်ပါတယ်။ အခုအချိန်အထိ ဆယ်ကျော်သက်လေးတစ်ယောက်လို အရွယ်တင်နုပျိုလှပနေတဲ့ စိုးပြည့်ကိုတော့ ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း စိုးပြည့်က ခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦးနဲ့တွေ့ဆုံတုန်းမှာ အမှတ်တရလေးတွေ အတူဖန်တီးဖြစ်ခဲ့ကြပါတယ်။

Photo Credit-Soe Pyae Thazin's FB
Photo Credit-San Htate Htar Oo's FB
Photo Credit-San Htate Htar Oo's FB

စိုးပြည့်သဇင်နဲ့ စံထိပ်ထားတို့နှစ်ယောက်ကတော့ Snapchat က Camera Effects တွေနဲ့ ဓာတ်ပုံလေးတွေရိုက်ရင်း ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ သွားကျိုးလေးတွေအဖြစ် နှစ်ယောက်သားရုပ်ပြောင်ပြီး ဆော့ကစားထားတဲ့ ဗီဒီယိုလေးကိုလည်း စိုးပြည့်သဇင်က သူမရဲ့ Facebook မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင်နဲ့ စံထိပ်ထားတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Soe Pyae Thazin's FB & San Htate Htar Oo's FB 

Photo Credit-Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။