ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ဝမ်းနည်းစရာကောင်းတဲ့ အမွှာပူး ကလေး ဝိညာဉ် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ။ အသက် ၁၇နှစ် အရွယ် အမျိုးသမီးတစ်ယောက်က ပထမအိမ်ထောင်နဲ့ အမွှာပူးလေးတွေကို ကိုယ်ဝန်လွယ်ထား ရပါတယ်။ နောက် တစ်ပါတ်လောက်ကြာတော့ အမွှာပူးလေးတစ်ယောက်က အဖတ်မတင်ဘူးတဲ့နော် ပရိသတ်ကြီး...။ တစ်ကယ်စိတ်မကောင်းစရာ အဖြစ်အပျက်ပါ။ အဲ့လိုနဲ့ အမွှာပူးလေးရဲ့ ဝိညာဉ်က သူ့အမေကို ဆက်သွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အဲ့အမျိုးသမီးက ပထမတော့ မယုံပေမယ့် နောက်ပိုင်းမှာ သူ့အမေကော၊ အိမ်နီးနားချင်း သူငယ်ချင်းကပါ မြင်တွေ့လာရတာကြောင့် ပြန်ဆက်သွယ်ဖို့ ကြိုးစားလာပေမယ့် ဘာအရိပ်ရောင်မှ မပြတော့ပါဘူး။

photo credit Once A Glance page

၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မွေးကင်းစ ကလေးလေးရဲ့ အနီးအနားသို့ အဲ့ဝိညာဉ်လေး လာလည်တာကို ခဏခဏ ကြုံတွေ့ခဲ့ရပါတယ်။ ဝမ်းနည်းတဲ့ ပုံစံလေးနဲ့ မွေးကင်းစ ကလေးလေးကို ဘေးနားမှာ နေပြီး အမြဲစောင့်ရှောက်ပေးနေတာပါ။ ကစားချင်ပုံလည်း ရပါတယ်။ တစ်ညမှာတော့ အဲ့အမျိုးသမီးရဲ့ အိမ်မက်ထဲသို့ရောက်လာပြီး တစ်ကယ်လို့သာ အဖတ်တင်ခဲ့ရင် ဘာနာမည်လေးပေးမလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။ အမေဖြစ်သူက စိတ်မကောင်းစွာနဲ့ဘဲ "Courtney"လို့ နာမည်ပေးမှာ ပေါ့ဆိုပြီး သူမရဲ့ လက်ကလေးကို ကိုင်ထားလိုက်ပါတယ်....။ အဲ့ဒီညကစပြီး ဝိညာဉ်လေးမှာ ပြန်လည်ပျောက်ကွယ်သွားပါတော့တယ်။

photo credit pngtree

နောက်ပြီး အခန်းထောင့်မှာ လာလာရပ်နေတဲ့ ဝိညာဉ်လေးကို သမီးငယ်လေးနဲ့ ရုပ်ချင်း တော်တောင်ဆင်တာမလို့ အဖတ်မတင်ခဲ့တဲ့ သမီးကြီးလေးပဲဖြစ်မယ်ဆိုတာ အဲ့အမျိုးသမီးက တစ်ထစ်ချ ယုံကြည်လိုက်ပါတယ်။ အဲ့အမျိုးသမီး ပြောပုံအရ "သူ့ ညီမ Kathleenက Courtney ဟာ သူအပါအဝင် သူ့မောင်လေးတွေနဲ့ လာလာဆော့တတ်ကြောင်းကို သိရပါတယ်၊ သူမရဲ့ စိတ်ထဲမှာတော့ အဆင့်မြင့်တဲ့ နတ်သမီးလေး တစ်ပါးပဲ" ဖြစ်ပါတယ်တဲ့နော်....။ အခုဖော်ပြပေးသွားတဲ့ အမွှာပူးဝိညာဉ် အကြောင်းကို ဖတ်ရှုရတာ ကျေနပ်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမှာမလို့ လက်လွတ်မခံဘဲ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source သံ ဇဉ် မိုးဇတ်

photo credit pngtree 

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။