စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်ောတ်လေး စိုးပြည့်သဇင်ကတော့ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်လေးကတော့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်အဖြစ်ရပ်တည်နေသလို ကလေးတစ်ယောက်လို ဖြူစင်တဲ့ အပြုံးချိုချိုလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo Credit – Htet Zaw Aung’s Photography
Photo Credit – Htet Zaw Aung’s Photography

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ စိုးပြည့်လေးကတော့ ဒီကနေ့မှာ ရုံတင်ပြသနေပြီဖြစ်တဲ့ “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း “အသက်” ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပြီး ကံကံ၏အကျိုးကိုလည်း ယုံကြည်တဲ့အကြောင်း ပြောပြလာပါတယ်..။

စိုးပြည့်လေးကတော့ သူမအနေနဲ့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကံကံ၏အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်ပြီး အတိတ်ကံကိုရော ပစ္စပ္ပုန်ကံကိုပါ ယုံကြည်တယ်ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။


Photo Credit – Htet Zaw Aung’s Photography
Photo Credit – Htet Zaw Aung’s Photography

“ကံဆိုတာကလည်း အတိတ်ကံနဲ့ ပစ္စပ္ပုန်ကံနှစ်ခုစလုံးရှိတာမို့ အတိတ်ကံကိုပဲ ပုံချလို့ မရဘဲ အတိတ်ကံလည်းရှိတယ် ပစ္စပ္ပုန်ကံလည်း ရှိတယ် စိုးပြည့်တို့ကျင်လည်ခဲ့ရတဲ့ဘဝတွေကအများကြီး သံသရာအဆက်ဆက်မှာ လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေကလည်း အများကြီးပဲမို့ ကိုယ်ပြုခဲ့တဲ့ကံကတော့ တစ်ချိန်ချိန်မှာတော့ အကျိုးပြုမှာပါပဲ အခုလောလောဆယ် လက်ရှိ အကျိုးမပေးသေးဘူးဆိုရင်တောင်မှပဲ တစ်ချိန်ချိန်မှာ အကျိုးပေးမှာပါပဲ အဲ့ဒါကို အရမ်းယုံကြည်ပါတယ်..” ဆိုပြီး စိုးပြည့်လေးက ပြောပြထားတာ ဖြစ်ပါတယ်..။

ကံကို ယုံကြည်တဲ့ အကြောင်းလေးအပြင် မိသားစုတွေ အိမ်မှာ ဝါသနာအရ သီချင်းတွေ အမြဲဆိုဖြစ်တဲ့အကြောင်းနဲ့ “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းပါ ပြောပြထားတဲ့ စိုးပြည့်လေးရဲ့ ေီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Htet Zaw Aung’s Photography
Photo Credit – Htet Zaw Aung’s Photography

Photo Credit – Htet Zaw Aung’s Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။