ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ Cele တွေထဲမှာတော့ မိတ်ကပ်ပညာရှင်ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သုသုက နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို ဇာတ်ကားတွေရိုက်ကူးနေရတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကိုပါ ရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးလေ့ရှိတဲ့ သုသုက အခွီဗီဒီယိုလေးတွေရိုက်ပြီး လူမှုကွန်ယက်မှာတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB

ပရိသတ်တွေကလည်း သုသုရဲ့ဟာသဗီဒီယိုလေးတွေကို အမြဲလိုလိုသဘောကျနှစ်ခြိုက်ကြပြီး အပြတ်အသတ်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုလည်း သုသုက လက်ရှိမှာရေပန်းစားအောင်မြင်နေတဲ့ " ချည် " ရုပ်ရှင်ဇာတ်ကားကြီးထဲက မင်းသမီးသက်မွန်မြင့်ရဲ့အိုက်တင်အတိုင်း တစ်ထေရာတည်းတူအောင် သရုပ်ဆောင်ပြလိုက်ပါတယ်။ သုသုက သူမရဲ့အိုက်တင်အမူအရာတွေနဲ့ အပျော်တမ်းဟာသဗီဒီယိုလေးတစ်ခုကို ရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB

ဒီဗီဒီယိုလေးမှာတော့ သုသုက သူမကိုလမ်းခွဲတော့မယ့် ချစ်သူရဲ့လက်ကိုဆွဲပြီး မထင်မှတ်ထားတဲ့ စကားလေးတစ်ခွန်းကို ပြောချလိုက်တာပဲ ဖြစ်ပါတယ်။ သုသုက ချစ်သူကိုစကားလုံးလေးတွေနဲ့ အပြတ်ခြွေလိုက်ပြီးမှ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပေးခဲ့ဖို့ ပြောလိုက်ပုံကလည်း တကယ့်ကိုခွီနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ပျော်ရွှင်ရယ်မောစေဖို့ သုသုရဲ့ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Nyi Nyi Maung's FB 

Photo Credit-Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။