အနုပညာလောကမှာဆယ်စုနှစ်တစ်ခုကျော်တဲ့အထိအောင်မြင်စွာရပ်တည်နေနိုင်သူကတော့ပရိတ်သတ်အချစ်တော်ဖြစ်တဲ့အန်ကယ်လေးဦးလူမင်းပါ။ဦးလူမင်းဟာသရုပ်ဆောင်ကောင်းမွန်ရုံသာမကဇာတ်ကားကြီးများကိုလည်းကိုယ်တိုင်ရိုက်ကူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ဒါ့ပြင်မင်းသားချောကြီးဦးလူမင်းဟာပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုလည်းတည်ထောင်ထားနိုင်တဲ့အတွက် ပရိတ်သတ်တွေအားကျရတဲ့ မိသားစုလေးလည်းဖြစ်ပါတယ်။


Photo Credit-Ayarwady Lu Min's Facebook
Photo Credit-Amazing Grace

မကြာသေးမီကဦးလူမင်းရဲ့ဇနီးချောလေးဖြစ်တဲ့ခင်စပယ်ဦး၏facebookစာမျက်နှာတွင်မိသားစုအပတ်စဉ် သောကြာနေ့အာရုံဆွမ်းအလှူလုပ်ခဲ့ပုံတွေကိုတင်ပေး လာပါတယ်။ ခင်စပယ်ဦးတို့မိသားစုဟာ အပတ်စဉ်အလှူလုပ်ခဲ့တာဖြစ်ပြိး ယခုဆိုရင်(၂၆)ကြိမ်မြောက်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။သူတို့မိသားစုလေးဟာ စုစုပေါင်းကျောင်း(၁၉)ကျောင်းသံဃာအပါး၂၄၆ပါးကိုဆွမ်းများ၊ဆွမ်းဟင်းများ၊သစ်သီးများဖြင့် အာရုံဆွမ်းလောင်းလှူခဲ့တာပါ။


Photo Credit-Ayarwady Lu Min's Facebook
Photo Credit-Ayarwady Lu Min's Facebook

ဦးလူမင်းဟာ ယခုလတ်တလောတွင် အောင်ဆန်းရုပ်ရှင်ကားကြီးကို ပုံဖော်ရိုက်ကူးနေတာဖြစ်ပြီး အနုပညာရှင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီးထွက်လာရင်အားပေးကြမယ်မလား။မနက်အာရုံဆွမ်းကပ်လှူနေကြတဲ့ သူတို့မိသားစုရဲ့ပုံလေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ayarwady Lu Min's Facebook
Photo Credit-Ayarwady Lu Min's Facebook

Source-Ayarwady Lu Min's Facebook

Photo Credit-Ayarwady Lu Min's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။