အဆိုတော်မလေး ပိုပိုကတော့ " ချစ်ဖူးခဲ့သမျှ " ဆိုတဲ့သီချင်းအခွေလေးကစလို့ အခုချိန်အထိ သီချင်းကောင်းလေးတွေအများအပြားကို ဖန်တီးသီဆိုခဲ့သူလေး ဖြစ်ပါတယ်။ နားဆင်သူပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီချင်းလေးတွေသီဆိုတတ်တဲ့ ပိုပိုက ရုပ်ရည်ရူပါကလည်း အပြစ်ဆိုဖွယ်မရှိအောင် ချောမောလှပနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုပိုလို့ဆိုလိုက်တာနဲ့ ယောက်ျားလေးပရိသတ်တွေက အပြတ်အသတ်ဝန်းရံနေကြတာ ဖြစ်ပါတယ်။

Photo Credit- ပိုပို's FB
Photo Credit- ပိုပို's FB
Photo Credit- ပိုပို's FB

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ ပိုပိုက ရှိုးပွဲတွေနဲ့ ပွဲအခမ်းအနားတွေမှာ ပါဝင်သီဆိုရင်း ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ ပိုပိုက သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးလေ့ရှိသလို ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ပိုပိုက ပြင်ဆင်ခြယ်သမှုတွေမရှိတာတောင်မှ သဘာဝအတိုင်းလှနေတဲ့ သူမရဲ့ပုံစံလေးနဲ့ Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

Photo Credit- ပိုပို's FB
Photo Credit- ပိုပို's FB

ပိုပိုက "ရေချိူးရမှာ အရမ်းကြောက်လို့ ညမှပေါင်းချိူးတာ " ဆိုပြီး သူမရဲ့ Tik Tok ဗီဒီယိုအသစ်လေးကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်။ ဆံပင်ကေတိုလေးနဲ့တောင် အထာကျကျမိမိုက်ပြီး ဆွဲဆောင်မှုရှိနေတဲ့ ပိုပိုရဲ့အလှကတော့ ကိုကို၊မောင်မောင်တွေ ကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ပိုပိုရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- ပိုပို's FB 

Photo Credit- ပိုပို's FB
Photo Credit- ပိုပို's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။