ပရိသတ်ကြီးရေ အဆိုတော်အားတီကတော့ ယနေ့ခေတ်လူငယ်တွေကြားမှာ အရမ်းရေပန်းစားပြီး အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အားတီရဲ့တေးသီချင်းလေးတွေကလည်း ဘယ်တော့မှမရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေဖြစ်လို့ နားထောင်ရတဲ့ပရိသတ်ရင်ထဲကိုတိုက်ရိုက်ထိမှန်ပါတယ်နော်။လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်အတွက်ကြိုးစားနေဆဲဖြစ်ပါတယ်။

Photo Credit:Thi Ha Tun's Facebook
Photo Credit:Thi Ha Tun's Facebook
Photo Credit:Thi Ha Tun's Facebook

ပရိသတ်တွေရဲ့ရင်ထဲကို တစ်ခေတ်တစ်ခါကတည်းကစိုးမိုးထားနိုင်ခဲ့တဲ့ အဆိုတော်ရတနာကတော့ "No"အဖွဲ့ထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး သူတို့သုံးယောက်ရဲ့တေးသီချင်းလေးတွေဟာဆိုရင် ယနေ့အချိန်ထိတိုင် နားထောင်လို့ကောင်းနေဆဲဖြစ်ပြီး ငယ်ဘဝကိုတောင်ပြန်ပြီးလွမ်းမောတမ်းတမိစရာပါနော်။ရတနာကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး အေးအေးချမ်းချမ်းနေထိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Yadanar Lin's Facebook
Photo Credit:Yadanar Lin's Facebook
Photo CreditThi Ha Tun's Facebook

ရတနာနဲ့အားတီတို့နှစ်ယောက်ကတော့ (၂၀၀၃)ခုနှစ်ကတည်းက BFFသူငယ်ချင်းတွေအဖြစ်ခင်မင်လာကြပြီး စနောက်ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။လူငယ်တွေပီပီ ပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ပြီး တစ်ယောက်အခက်အခဲကိုတစ်ယောက်ကူညီပေးနေကြတဲ့ သူငယ်ချင်းကောင်းတွေပါ။အခုဆိုရင်တော့ အားတီက ရတနာနဲ့ရိုက်ထားတဲ့ ငယ်ဘဝကအမှတ်တရပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ထုတ်ပြလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:Thi Ha Tun's Facebook
Photo Credit:Thi Ha Tun's Facebook
Photo Credit:Thi Ha Tun's Facebook

Photo Credit:Yadanar Lin&Thi Ha Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။