ပရိသတ်ကြီးရေ.. မေမေမျိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီကတော့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေမျိုးကတော့ သားလေးမွေးပြီးနောက်ပိုင်း ခန္ဓာကိုယ်ဝိတ်တက်လာပေမယ့် တစ်သားမွေးတစ်သွေးလှလာတာကို ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။


Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

ပရိသတ်အချစ်တော် မေမေမျိုးကတော့ နေမကောင်းတဲ့ကြားက ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဝိတ်ပြန်ချနေပေမယ့် ဝလာတယ်လို့ အပြောခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်းလေး ပြောပြလာပါတယ်..။

ဝလာတယ် နည်းနည်းဝိတ်ချလိုက်ဦးလို့ ပြောကြတဲ့အပေါ်မှာလည်း သူမကို ပိုလှစေချင်လို့ ပြောတာနေမှာဆိုပြီး ခံယူထားပေမယ့် နေ့တိုင်း Gym ကစားပြီး အစားလည်းလျှော့နေတာမို့ အဲ့လိုအချိန်မှာ အပြောခံလိုက်ရတဲ့အတွက် အနာပေါ်တုတ်ကျသလို ဖြစ်မိတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

“ကိုယ့်ကို စေတနာနဲ့ ပြောတာပါ Body Shaming လုပ်တာက တကယ်တမ်းတော့ သူတို့လေ အဲ့လိုပြောလိုက်ရင် အခြားလူက ခံစားရလား မခံစားရဘူးလားဆိုတာ တချို့တွေက မသိကြဘူး နစ်နာပါစေလို့တော့ သူတို့စိတ်ထဲမှာ မရှိကြပါဘူး Fb မှာ ရေးတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဆိုးလို့ ရေးတာ မဟုတ်ပါဘူး ကိုယ်အရမ်းခံစားနေရတယ် ကိုယ်တကယ်လည်း ဝိတ်လျှော့နေလျက်သားနဲ့ ကိုယ့်ဝိတ်ကလည်း အဲ့လောက်ပဲ ပြီးတော့ အဲ့ထက်လုပ်ရင်လည်း မူးတတ်တယ် မူးတဲ့အခါ လုပ်လို့မရဘူးပေါ့နော် နေမကောင်းတဲ့ကြားက ကိုယ်ကကြိုးစားပြီးလုပ်နေရတဲ့အချိန် အဲ့လိုအပြောခံရတော့ နည်းနည်းစိတ်မကောင်းဖြစ်မိတာပေါ့..” ဆိုပြီးတော့ မယ်လိုဒီက ပြောပြထားတာပါ..။

ပိုလှစေချင်လို့ ပြောတာဖြစ်ပေမယ့် ကြိုးစားပြီး ဝိတ်လျှော့နေတဲ့ကြားကနေ အပြောခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်း ပြောပြထားတဲ့ မယ်လိုဒီရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

Photo Credit - Melody Myo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။