ဗသုတသ အစီအစဉ်ကဏ္ဍကနေ ဒီတစ်ပါတ်မှာတော့ ခါတိုင်းနဲ့မတူဘဲ တစ်မူထူးခြားတဲ့ အီဂျစ်ရှေးဟောင်း မြို့တော်တစ်ခုဖြစ်သော "Luxor Temple" လက်စ်ဆာ ဘုရားကျောင်းကို ဗဟုသတရဖွယ် စိတ်ဝင်တစား ဖတ်ရှုရအောင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဘုရားကျောင်းကြီးမှာ ရှေးအီဂျစ်မျိုးနွယ်စုတွေရဲ့ ဗိသုကာလက်ရာမြောက် ရုပ်ထုကြီးတွေ၊ ခမ်းနားလှပသော အဆောက်အုံကြီးတွေကို ပရိသတ်ကြီး ရှုမြင်ခံစားကြရမှာ ဖြစ်ပါတယ်။

Photo credit pngtree

အီဂျစ် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ သယ်ဘက်စ်(Thebes) အနီးမှာ စီးဆင်းနေသော နိုင်းမြစ်ကို အားလုံးပဲ သိပြီးကြပြီ ဖြစ်မှာပါ။ အဲ့မြစ်ကြီးရဲ့ အရှေ့ဘက်ကမ်းမှာတော့ ဘီစီ ၁၄ရာစုကတည်းက တည်ဆောက်ထားတဲ့ လက်စ်ဆာ ဘုရားကျောင်းကြီးကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အဲ့ဘုရားကျောင်းကြီးမှာ ဘုရင် စနစ်သစ် တစ်ခုအတွင်း ယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ အီဂျစ် နတ်ဘုရားများဖြစ်ကြသော အာမန်၊ မတ်နှင့် ကွန်းစ်တို့အား လှူဒါန်းပူဇော် ထားပါသေးတယ်။

Photo credit pngtree

ဒါ့အပြင် အဲ့ရှေးဟောင်း ဘုရားကျောင်းကြီးမှာ ရှေးဟောင်း အီဂျစ်တို့ရဲ့ အရေးကြီးဆုံး ပွဲသဘင်တစ်ခုဖြစ်တဲ့ "Opet" အိုပတ် ပွဲတော် ကျင်းပရာ အချက်အချာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အိုပတ် ပွဲတော်ကာလအတွင်းမှာ အီဂျစ် နတ်ဘုရားသုံးပါးလုံးရဲ့ ရုပ်ထုများကို လက်စ်ဆာ အခြံအရံများဖြင့် ပင့်ဆောင်လေ့ရှိပါတယ်။ ပင့်ဆောင်ရာ လမ်းတစ်လျှောက်မှာတော့ လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း ကျောက်ရုပ်ထု (Sphinx) ရှိပြီး အဲ့နေရာကနေ လက်စ်ဆာ ဘုရားကျောင်းတော်သို့ လမ်းဖောက်လုပ်ကာ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ 

Photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။