ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ နက်ရှိုင်းလှသော ဟိုးပင်လယ်ရေမျက်နှာပြင်အောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ "Apollo 11" အပိုလို ၁၁ အာကာသယာဉ် လွှတ်တင်ခဲ့စဉ်က အသုံးပြုခဲ့သော အင်ဂျင်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပင်လယ် သမုဒ္ဒရာအောက်မှာ ထူးခြားဆန်းပြားဖွယ် အံ့သြဖွယ်အရာများ အများအပြားရှိနေတာကို အားလုံးလက်ခံကြမှာပါနော်။ အဲ့လို ပင်လယ်ရေမျက်ပြင်အောက်မှာ မူလကတည်းက ရှိနေတာပဲဖြစ်ဖြစ်၊ မရှိနေတာပဲဖြစ်ဖြစ် ရှာဖွေတွေ့ရှိသမျှ အရာအာလုံးဟာ စိတ်ဝင်းစားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ပင်လယ်တွင်း ရှာဖွေတွေ့ရှိတဲ့ ပစ္စည်းများဟာ တစ်စထက်တစ်စ များပြားလာလျက်ရှိရာ အောက်မှာ ဆက်လက်ဖော်ပြပေးသွားမယ့် အာကာသယာဉ် အင်ဂျင်ပစ္စည်းများကလည်း ထူးခြားဆန်းပြားပစ္စည်းများ စာရင်းတွင် ပါဝင်လျက်ရှိပါတယ်။

photo credit pngtree

၂၀၁၃ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံ အမေဇုန် အမှုဆောင် အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်ဟာ သူရဲ့ ရူးသွပ်မှုတစ်ခုဖြစ်တဲ့ အပိုလို ၁၁ အာကာသယာဉ် လွှတ်တင်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ အင်ဂျင်များကို ပြန်လည်ရှာဖွေရေး လုပ်ငန်းစတင်ခဲ့ပါတယ်။ အဲ့နောက် ၁၉၆၉ ခုနှစ်ကတည်းက လွှတ်တင်ခဲ့တဲ့ ထိုယာဉ်ကြီးရဲ့ အင်ဂျင်များမှာ ပင်လယ်ရေအောက် ကြမ်းပြင်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေရရှိခဲ့တဲ့ အင်ဂျင်စက် နှစ်လုံးနှင့် အစိတ်အပိုင်းများကို ယခုအချိန်မှာ ယာယီ ထိန်းသိမ်းထားပြီး ကင်ဆပ်စ်ပြည်နယ် အာကာသ စင်တာတွင် ပြသရန် ပေးပို့ထားတယ်လို့ သိရှိရပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။