ပရိသတ်ကြီးရေ အဆိုတော်အာဘွိုင်းကတော့ သမီးသုံးယောက်ရဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး ဇနီးချောချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့သူပါနော်။အာဘွိုင်းတို့မိသားစုလေးဟာဆိုရင် ပျော်ရွှင်နွေးထွေးမှုအပြည့်နဲ့ အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကပါအရမ်းအားကျပြီး စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Phyo Tun's Facebook
Photo Credit:Kyaw Phyo Tun's Facebook

မြတ်ရတနာကျော်ကလည်းအသက်လေးငယ်သေးပေမယ့် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကိုကျေပြွန်ပြီး သမီးသုံးယောက်ကိုလည်း လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးပြီး မိခင်တစ်ယောက်ရဲ့မေတ္တာတွေကိုအပြည့်အဝပေးတာကြောင့် မိသားစုဘဝလေးက အရမ်းသာယာလွန်းလှပတယ်နော်။

Photo Credit:Kyaw Phyo Tun's Facebook
Photo Credit:Kyaw Phyo Tun's Facebook

လက်တလောမှာဆိုရင်လည်း မြတ်ရတနာကျော်တို့မိသားစုက ခရီးသွားနေကြပြီး မိသားစုတွေပျော်ပျော်ပါးပါးနဲ့ အမှတ်တရတွေဖန်တီးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖေဖေအာဘွိုင်းက သမီးသုံးယောက်နဲ့အတူ အမှတ်တရဓာတ်ပုံလေးရိုက်ထားပြီး ပျော်ရွှင်နေကြတဲ့ သားအဖလေးယောက်ပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Kyaw Phyo Tun's Facebook
Photo Credit:Kyaw Phyo Tun's Facebook

Photo Credit:Kyaw Phyo Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။