Beauty Blogger တစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ နေခြည်ဦးကတော့ ထက်မြက်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ နေခြည်ဦးက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက ကြော်ငြာတွေ၊ ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB

နေခြည်ဦးက ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်သူဖြစ်ပြီး ဖက်ရှင်အဆန်းတွေနဲ့ အမြဲလန်းနေတတာလည်း ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက နှစ်သစ်မှာ အမိုက်စားဖက်ရှင်နဲ့ အပြတ်ဂေါ်နေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပြန်ပါတယ်။ စတိုင်ကျပြီး ခေတ်မှီနေတဲ့နေခြည်ဦးကတော့ '' လက်သန်းလောက် ပိုက်ဆံအိတ်တွေကို ၂၀၁၉ မှာ ထားခဲ့လိုက်တော့''ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB

နေခြည်ဦးက US $5500 (မြန်မာငွေ၈၅သိန်းကျော်) တန်ကြေးရှိတဲ့ Chanel Large Bowling Bag ကိုလွယ်ပြီး အထာကျနေတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ဖက်ရှင်နဲ့ပတ်သက်ရင် လိုက်မမှီနိုင်လောက်အောင်ကို အမြဲတမ်းအမိုက်စားဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နေခြည်ဦးရဲ့ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Nay Chi Oo's FB

Photo Credit- Nay Chi Oo's FB
Photo Credit- Nay Chi Oo's FB
Photo Credit- Chanel.com
Photo Credit- Nay Chi Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။