မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ကတော့ သရုပ်ဆောင်ချောရတနာရဲ့ညီမချောလေးပဲ ဖြစ်ပါတယ်။ အစ်မဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ သန္တာဗိုလ်က အောင်မြင်မှုပန်းတိုင်ကိုလည်း လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သန္တာဗိုလ်က ဖက်ရှင်ရှိုးပွဲတွေမှာ မပါမဖြစ်လျှောက်လှမ်းနေရသလို ကြော်ငြာတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB

အရပ်ရှည်ရှည်နဲ့ ကိုယ်လုံးကိုယ်ပေါက်လှတဲ့ သန္တာဗိုလ်ကိုတော့ ယောက်ျားလေးပရိသတ်၊မိန်းကလေးပရိသတ်မရွေး အပြတ်အသတ်ကြွေနေရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် သန္တာဗိုလ်က ဇန်နဝါရီလ (၁)ရက်နေ့မှာပဲ အသက် (၂၇)နှစ်တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာကျရောက်တဲ့မွေးနေ့လေးမှာတော့ သန္တာဗိုလ်က ချစ်ရသူတွေနဲ့အတူ ပျော်ပျော်ပါးဖြတ်သန်းရင်း ကုသိုလ်ကောင်းမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB

သန္တာဗိုလ်က (၂၇)နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် စတုဒီသာအလှူကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့မိသားစုနဲ့အတူ အောင်ဇမ္ဗူတောရရိပ်သာမှာ အလှူပြုခဲ့တဲ့ သန္တာဗိုလ်ကတော့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိပြီး လှနေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သန္တာဗိုလ်ရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Thandar Bo's FB

Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။