မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် နှင့်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ လာရောက်သည့် အာရှဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ် Head of MA & Regional Associations (East Asia Unit) ဖြစ်သူ Mr Yousuke သည့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပါတယ်။

photo credit: MFF's facebook
photo credit: MFF's facebook

ဂျပန်လူမျိုး Mr Yousuke ကို ၂၀၂၀ ဇန်နဝါရီလ ၃၀ တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန် စံညွှန်းများဖြင့် ကိုက်ညီစေရေး နှင့် အာရှဘောလုံးအဖွဲ့ချုပ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့မှ သတ်မှတ်ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရေးအတွက် အကြံပြုဆွေးနွေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲ ကိစ္စရပ်များကို ကူညီပေးရန် လာရောက်ပေးသည့် အာရှဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ် Mr Yousuke ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ Novotel Yangon Max Hotel တွင် ယနေ့ နေ့လည်ပိုင်းက လက်ခံတွေ့ဆုံခဲ့ပါတယ်။

photo credit: MFF's facebook
photo credit: MFF's facebook

ထို့နောက် Mr Yousuke သည် နေ့လည် ၃နာရီအချိန်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပေါ် အပြန်အလှန် သုံးသပ်ကာ အာရှဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကျင်းပသည့် ပုံစံအတိုင်း ကျင်းပပြုလုပ်နိုင်ရေးအတွက် Mr Yousuke နှင့် ရွေးကောက်ပွဲကော်မရှင်တို့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

source:MFF's facebook 

photo credit: MFF's facebook
photo credit: MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။