အဆိုတော်၊သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့တာ အချိန်အတော်ကြာရှိနေပြီ ဖြစ်ပါတယ်။ စိုးပြည့်က ချိုသာယဉ်ကျေးတဲ့ စကားပြောဟန်လေးတွေ၊ ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းနှလုံးကို ခြွေယူထားတာလည်း ဖြစ်ပါတယ်။ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ အဆက်မပြတ်ရိုက်ကူးနေရတဲ့ စိုးပြည့်က ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာဖြစ်ပါတယ်။

Photo Credit- Soe Pyae Thazin's FB
Photo Credit- Amazing Grace
Photo Credit- Soe Pyae Thazin's FB

ဒီနေ့မှာတော့ စိုးပြည့်သဇင်က သူမချစ်ရတဲ့ဖေကြီးအတွက် အမှတ်တရမွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးထားပါတယ်။ စိုးပြည့်က ''ဖေကြီးရေ ဇန်နဝါရီလ၅ရက်နေ့လေးကဖေကြီးမွေးနေ့နော်Happy birthday ပါဖေကြီးရေ သမီးဖေကြီးမွေးနေ့မှာကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ် မေမေ့အပေါ်မှာသစ္စာရှိပြီးမိသားစုကိုလည်းတန်ဖိုးထားမြတ်နိုးခဲ့ပြီးမိသားစုမျက်နှာငယ်မဲ့လုပ်ရပ်တွေကိုဘယ်တော့မှမလုပ်ခဲ့တဲ့ဖေကြီးကိုကျေးဇူးတင်ပါတယ်...ဖေကြီးဆေးလိပ်အရမ်းကြိုက်တာသမီးသိပါတယ်သမီးကိုမေမေကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာဗိုက်ထဲကသမီးလေးကျန်းမာရေးထိခိုက်မှာစိုးလို့နှစ်ရှည်လများစွဲလန်းစွာသောက်လာခဲ့တဲ့ဆေးလိပ်ကိုဖေကြီးဖြတ်ခဲ့တယ်နော်...ကျေးဇူးတင်ပါတယ်ဖေကြီးရေ.

Photo Credit- Soe Pyae Thazin's FB
Photo Credit- Soe Pyae Thazin's FB
Photo Credit- Soe Pyae Thazin's FB

ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစလို့ချစ်တဲ့ဖေဖေစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ.......ဖေကြီးအရမ်းလိုချင်တဲ့ငြိမ်းအေးတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းဒီဘဝမှာဘဲမျက်မှောက်ပြုနိုင်ပါစေ သမီးငယ်ဇင်ဇင် ဒါလေးကတော့မနှစ်ကတင်ခဲ့တဲ့ဆုတောင်းလေး သမီးပြောချင်တာတွေတော့အများကြီးပါနော်...ဖေကြီးအမြဲကျန်းမာပျော်ရွှင်စွာနဲ့သမီးတို့မိသားစုရှေ့မှာတံတိုင်းကြီးလိုရှိနေပေးပါနော်...''ဆိုပြီး ငယ်ရွယ်စဉ်ကတည်းက ထူးချွန်လိမ္မာအောင် သင်ကြားပေးခဲ့တဲ့ ဖေဖေ့အတွက်မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင်တို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Soe Pyae Thazin's FB

Photo Credit- Soe Pyae Thazin's FB
Photo Credit- Amazing Grace
Photo Credit- Soe Pyae Thazin's FB
Photo Credit- Soe Pyae Thazin's FB
Photo Credit- Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။