မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် ဟံသာဝတီ ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၅ ရက်(ယနေ့)က ထိုင်းနိုင်ငံရှိThaiBev ဘောလုံးအကယ်ဒမီသို့ သွားရောက်လေ့လာခဲ့ပါတယ်။ThaiBev ဘောလုံးအကယ်ဒမီ၏ ဖိတ်ကြားမှုအရ ဟံသာဝတီ ယူနိုက်တက်အသင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ယင်းလူငယ်ဘောလုံးအကယ်ဒမီလေ့လာမှုခရီးတွင် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်၊ အသင်းမန်နေဂျာဦးထွန်းထွန်းလင်း၊ အသင်း နည်းစနစ်ဒါရိုက်တာ ဦးငွေထွန်းနှင့် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း တို့ လိုက်ပါခဲ့ကြပါတယ်။ဇန်နဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းတွင် ThaiBev ဘောလုံးအကယ်ဒမီရှိ လူငယ်ကစားသမားများအား လေ့လာသင်ကြားနေမှုများကို လေ့လာခဲ့ပြီး မွန်းလွဲပိုင်းတွင်ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ThaiBevဘောလုံးအကယ်ဒမီ အနေဖြင့် လာမည့်အနာဂတ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအား ဘောလုံးနှင့်ပတ်သက်သည့် အကူအညီများကို ကူညီပံ့ပိုးသွားရန် ရှိပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ThaiBev ဘောလုံးအကယ်ဒမီသို့သွားရောက်လေ့လာခဲ့တာကိုပြန်လည်တင်ပြလိုက်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။