ရာသီသစ်အကြို MFF Charity Cup 2020 လူမှုရေး ရန်ပုံငွေဖလား (ကွင်းဖွင့်ဖလား) ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ယူကာ နှစ်သစ်ကို အောင်ပွဲဖြင့် စတင်နိုင်ခဲ့ပါတယ်။အမှတ်ပေးချန်ပီယံနှင့် ရှုံးထွက်ချန်ပီယံအသင်းတို့၏ အားပြိုင်မှု ပွဲစဉ်တွင် ရှမ်းအသင်းအတွက် ဂိုးများကို ဒုတိယပိုင်း ၅၇၊ ၇၄ မိနစ်များတွင် ကိသ်နှင့် ရဲမင်းသူတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် ၇၇ မိနစ်တွင် လူစားဝင် ကစားသမား ရန်ပိုင်စိုးက သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook

ယနေ့ပွဲစဉ်သို့ ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ပြီး ရရှိလာသည့် ကွင်းဝင်ကြေးများနှင့်အတူ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၁၅၀ ရရှိခဲ့ပါတယ်။MFF Charity Cup 2020 ဆုဖလားပိုင်ရှင် ရှမ်းယူနိုက်တက်အသင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook

ယနေ့တွင် မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်း၏ ရာသီကြို အားပြိုင်မှု ပွဲစဉ်မတိုင်မီ မွန်းလွဲ ၂ နာရီမှ စတင်ပြီး Art Robots Music Band နှင့် R ဇာနည်၊ ဖြိုးကြီး၊ ဟဲလေး၊ လွှမ်းပိုင်၊ စသည့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှု တင်ဆက်မှုများအပြင် ပွဲစဉ် ပထမပိုင်းအပြီး ကံစမ်းမဲများ မဲနှိုက်ရွေးချယ်ခြင်းနှင့် အနုပညာရှင်များမှ မဲဖောက်ပေးခဲ့ပါတယ်။ယနေ့ပွဲတွင် ရရှိခဲ့သည့် ကွင်းဝင်ကြေးများ၊ အလှူရှင်များနှင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ၏ စုပေါင်းလှူဒါန်းမှုဖြင့် နှစ်သစ်အလှူတစ်ခုအဖြစ် လူမှုရေးအဖွဲ့အစည်းများသို့ အလှူငွေကျပ်သိန်း ၁၅၀ ကို ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

source:MFF' s facebook 

photo credit: MFF ' s facebook
photo credit: MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။