ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရဲလေးမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အနုပညာသက်တမ်းအတော်ကြာရှိနေပြီဖြစ်တဲ့ ရဲလေးမက ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင်ဖန်တီးသရုပ်ဆောင်ပြလေ့ရှိတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ရပ်တည်လာခဲ့တဲ့ ရဲလေးမက သူချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit- Ye Lay Ma's FB
Photo Credit- Ye Lay Ma's FB

အခုဆိုရင်တော့ ရဲလေးမတစ်ယောက် နှစ်သစ်အခါသမယအချိန်လေးမှာ ကံကောင်းမှုတွေလက်ဆောင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရဲလေးမက သူကံစမ်းထားတဲ့ ထီသုံးစောင်တွဲကနေ သုံးဆုလုံး ကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက်ထီကံထူးခဲ့တဲ့ ရဲလေးမက ထီပေါက်ထားတဲ့ ပိုက်ဆံတွေကို သူမရဲ့မိခင်အတွက်ရည်စူးပြီး အလှူလုပ်ပေးသွားမယ်လို့ ပရိသတ်တွေကို အသိပေးထားပါသေးတယ်။

Photo Credit- Ye Lay Ma's FB
Photo Credit- Ye Lay Ma's FB
Photo Credit- Ye Lay Ma's FB

ရဲလေးမက '' မန်းလေးပြန်ရောက်ရောက်ခြင်းထီထိုးထားတာတွတ်ဝင်တယ်တဲ့ သုံးစောင်တွဲပါဒုတိယအကြိမ်မြောက်ပေါက်ခြင်းပါ အမေ့အတွက်ရည်စူးပြီးလှူမယ် ဘာပဲဖြစ်ဖြစ်နှစ်သစ်မှာ ကံကောင်းတယ်သုံးစောင်ဆိုတော့ တစ်သိန်းခွဲပါ'' ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံလေးတွေနဲ့အတူ တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဇာတ်ပို့သရုပ်ဆောင် ရဲလေးမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Ye Lay Ma's FB

Photo Credit- Ye Lay Ma's FB
Photo Credit- Ye Lay Ma's FB
Photo Credit- Ye Lay Ma's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။