အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ယနေ့အချိန်အထိ နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ချစ်ခင်ခြင်းကိုရရှိထားတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ပါ။ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဝေဖန်မှုတွေများစွာရှိသော်လည်း ပရိတ်သတ်ကိုအလေးစားဆုံး အနုပညာရှင်လို့ဆိုရလောက်အောင် ဝေဖန်မှုတွေကို တစ်စုံတစ်ရာမှတုံ့ပြန်မှုမရှိခဲ့သူတစ်ယောက်ပါ။ 

Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook

အသက်တွေတစ်နှစ်ထက်တစ်နှစ်ကြီးသွားပင်မဲ့လည်း ယနေ့ထိတိုင် နုပျိုခန့်ညားနေတာကတော့ မိန်းကလေးတွေကြွေနေရတဲ့ အချက်လည်းဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့အောင်မြင်မှုတွေဟာလည်း တစ်နေ့ထက်တစ်နေ့ကြယ်ပွင့်လေးလို တစ်လက်လက်နဲ့လင်းလက်တောက်ပနေတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့သီချင်းသစ်တွေကို စောင့်မျှော်နေကြတာပါ။

Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook

အခုမှာလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတွေ တင်ထားတာပါ။ ဒါကတော့ " ကျနော်သီချင်းရေးရင် တခါတလေ စိတ်အေးလက်အေးနဲ့ အချိန်ယူရေးသလို တခါတလေလည်း ခေါင်းထဲ ရုတ်တရက်ပေါ်လာလို့ အမြန်ချမှတ်ထားလိုက်ရတာမျိုးလည်း ရှိတယ်

သီချင်းတစ်ပုဒ်ရေးချင်တဲ့အခါ ဘယ်လိုပြင်ဆင်လေ့ရှိတယ်ဆိုတာ နောက်ရက်ကျ ကျနော်ပြောပြသွားပါမယ် စောင့်မျှော်နားစွင့်နေပါဦးခင်ဗျာ

#GoLive #SaiSai Sai Sai Kham Leng" ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Sai Sai Kham Leng’s Facebook 

Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။