အဆိုတော်၊ သရုပ်ဆောင် ဆုပန်ထွာကတော့ အနုပညာလောကမှာ နာမည်ရအောင်မြင်နေပြီးသားဖြစ်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သာမန်မဟုတ်ဘဲ ထူးခြားတဲ့အလှစစ်ကို ပိုင်ဆိုင်ထားတဲ့ ဆုပန်ထွာက ယနေ့ချိန်အထိ ပရိသတ်တွေရဲ့အားပေးမှုရရှိနေတာ ဖြစ်ပါတယ်။ ဆုပန်ထွာက ချစ်ရတဲ့ခင်ပွန်း၊ သားလေးတို့နဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

Photo Credit- Su Pan Htwar's FB
Photo Credit- Su Pan Htwar's FB
Photo Credit- Su Pan Htwar's FB

မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်ရင်း အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းက လုပ်ကိုင်နေတဲ့ ဆုပန်ထွာက ဘုရားတရားကိုင်းရှိုင်းသူ ဖြစ်ပါတယ်။ မကြာခဏဆိုသလို အဓိဌာန်ဝင်ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့ ဆုပန်ထွာက အခုလည်း ရတနာခင်တို့မိသားစုရဲ့အလှူကိုကြည့်ပြီး သာဓုခေါ်ဆိုခဲ့ပါတယ်။ ဆုပန်ထွာက ဒီနေ့မှာကျင်းပပြုလုပ်တဲ့ ချစ်သူငယ်ချင်းရတနာခင်တို့မိသားစုရဲ့ရှင်ပြုအလှူပွဲကြီးကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Su Pan Htwar's FB
Photo Credit- Su Pan Htwar's FB

ဆုပန်ထွာက '' 6.1.2020 သူငယ်ချင်း ရတနာခင် တို့မိသားစုရဲ့ရှင်ပြုအလှူကြီး။ အားကျမိပါရဲ့။ အားရပါးရအလှူတွေများတွေ့ရင် ဝမ်းမြောက်ဝမ်းသာဖြစ်ရင်း ကိုယ်လည်းအဲ့လိုလှူချင်စိတ်တွေတဖွားဖွား။ ပီတိတွေနဲ့ သာဓု သုံးကြိမ်ခေါ်ဆိုမိပါတယ်။ '' ဆိုပြီး သူမရဲ့ပီတိတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရတနာခင်တို့မိသားစုရဲ့အလှူပွဲကို သွားရောက်ချီးမြှင့်ခဲ့တဲ့ ဆုပန်ထွာရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Su Pan Htwar's FB

Photo Credit- Su Pan Htwar's FB
Photo Credit- Su Pan Htwar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။