ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးရယ်လိုက်တိုင်း အရမ်းကို ချစ်ဖို့ကောင်းနေတတ်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။အောင်မြင်တဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပြီး အကယ်ဒမီဆုတွေကိုလဲ ရရှိပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကိုလဲ ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။

photo credit : Aye Myat Thu' s facebook
photo credit : Aye Myat Thu' s facebook

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ သူမကတော့ သူမပါဝင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်။အကယ်ဒမီရွှေစင်ရုပ်ထုကြီးကို ပိုင်ဆိုင်ရရှိခဲ့တဲ့ အေးမြတ်သူကတော့ မျက်နှာလေးကအစ အမြဲအပြစ်ကင်းစင်ပြီး နုပျိုလှပနေတတ်တာလည်း ဖြစ်ပါတယ်။

photo credit : Aye Myat Thu' s facebook
photo credit : Aye Myat Thu' s facebook

လည်းဝါသနာပါတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။သူမကတော့ "မမြတ်လေး က မြင်းစီးအားကစားလည်းဝါသနာပါသူ တယောက်ပါ..... အရမ်းလိမ္မာတဲ့ အင်းလေးမြင်းစီးကလပ် က သုဓနု နဲ့ မြင်းဒုန်းစိုင်းစီးခဲ့ရတာအရမ်းရင်ခုန်ပျော်ရွှင်ခဲ့ရပါတယ်လို့ချစ်ရသူတွေလည်း.... ညောင်ရွှေဘက်ရောကရင် အင်းလေးမြင်းစီးကလပ်ကို ဝင်လည်ရင်း ချစ်စရာကောင်းတဲ့ မြင်းကြီးတွေအကြောင်း နဲ့မြင်းစီးခြင်းကို လေ့လာလှည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့် "ဆိုပြီးပြောထားခဲ့ပါတယ်။

source: aye myat thu' s facebook

photo credit : Aye Myat Thu' s facebook
photo credit : Aye Myat Thu' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။