ထပ်ဆင့်အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပြည်ပနိုင်ငံတွေမှာလည်း လူကြိုက်များရေပန်းစားနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူမကို"ရွှေကစ်"လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာအရည်အသွေးတွေကိုလည်း ကြိုက်နှစ်သက်ကြကာ တစိုက်မက်မက်နဲ့ဝန်းရံအားပေးနေကြတာပါနော်။

Photo Credit:Wutt Hmone Shweyi's IG
Photo Credit:Wutt Hmone Shweyi's IG
Photo Credit:Wutt Hmone Shweyi's IG

ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေသလို ဘဝကိုလည်းအေးအေးချမ်းချမ်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့လည်း ခရီးတွေသွားသလို မိသားစုကိုလည်းအချိန်ပေးပြီးဂရုစိုက်ပေးတဲ့သူပါနော်။အခုဆိုရင်လည်း ရွှေကစ်ကတော့ ဆွစ်ဇာလန်နိုင်ငံကိုရောက်ရှိနေပြီး သာယာလှပတဲ့နေရာလေးမှာ အမှတ်တရအချိန်လေးတွေကိုကုန်ဆုံးနေတာဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shweyi's IG
Photo Credit:Wutt Hmone Shweyi's IG
Photo Credit:Wutt Hmone Shweyi's IG

နှင်းတွေအေးခဲနေတဲ့နေရာလေးမှာ ရွှေကစ်လေးက ကလေးလေးလိုပျော်ရွှင်စွာဆော့ကစားနေပြီး အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။ဖြူဖွေးနုဖတ်နေတဲ့ သူမရဲ့အသားအရည်လေးက နှင်းတောကြီးနဲ့အရမ်းလိုက်ဖက်ညီနေပြီး နှင်းတွေကြားမှာပျော်မွေ့နေတဲ့ ရွှေကစ်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wutt Hmone Shweyi's IG
Photo Credit:Wutt Hmone Shweyi's IG
Photo Credit:Wutt Hmone Shweyi's IG

Photo Credit:Wutt Hmone Shweyi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။