ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကတွင်လည်း အောင်မြင်မှုတွေများစွာနဲ့ ယနေ့ထိတိုင်အောင် ရပ်တည်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ မိသားစုဘဝလေးကို ကြည်နူးအားကျနေကြတာပါ။

Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook

သူမရဲ့ သားလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ချစ်ဖို့ပိုပိုကောင်းလာပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရယူထားတာပါ။ ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေလည်း သားလေးရဲ့ လှုပ်ရှားမှု ဗီဒီယိုမှန်သမျှကို အမြဲဝေမျှပေးလေ့ရှိသူပါ။ အခုတစ်ခါမှာလည်း သားလေးရဲ့ ဗီဒီယိုလေးတစ်ခုကို ဝေမျှပေးလိုက်ပြန်ပါပြီနော်။ 

Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook

ဒါကတော့ " သားအမိနှစ်ယောက်ချစ်နေတာ ပြောရင်းပြောရင်း သူ့ Crush အကြောင်းပါလာရော ။နားသာထောင်ပေတော့ January ၂ ရက်နေ့က ရိုက်ထားတာလေး " ဆိုပြီး ရေးသားထားပြီး သားလေးနဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုလေး တင်ထားတာပါ။ Roar Roar လေးကတော့ သူ့ရဲ့ Crush ဖြစ်တဲ့ မမပန်းရောင်ခြယ်နဲ့တွေ့ပြီး ဖြစ်လာတဲ့ခံစားချက်တွေကို မေမေ့ကို ပြောပြထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Supan Htwar's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။