သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို ရယူပိုင်ဆိုင်ထားနိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေတဲ့ ခိုင်သင်းကြည်က မိသားစုအပေါ်မှာလည်း ဂရုစိုက်တတ်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB

စံထိပ်ထားဦးလို့ အမည်ပေးထားတဲ့ ခိုင်သင်းကြည်ရဲ့သမီးလေးကတော့ လိမ္မာရေးခြားရှိပြီး တကယ့်ကို အမေတူအချောအလှလေး ဖြစ်ပါတယ်။ မိခင်ရဲ့အနုပညာအမွေကို ဆက်ခံထားတဲ့ စံထိပ်ထားလေးက ပညာရေးဘက်မှာကြိုးစားသလို အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အေးချမ်းတဲ့မျက်နှာလေးနဲ့လှနေတဲ့ ထိပ်ထားလေးက အခုလည်း မေမေခိုင်သင်းကြည်ရဲ့အသည်းတွေကြွေသွားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB

ထိပ်ထားလေးက သူမတူအောင် တစ်မျိုးလေးချစ်ဖို့ကောင်းနေတဲ့ပုံစံအသစ်လေးနဲ့ Tik Tok ကစားပြလိုက်တာပဲ ဖြစ်ပါတယ်။ အိုက်တင်လေးတွေအမျိုးမျိုးလုပ်ပြီး ဆံပင်လေးကိုကတ်ကြေးနဲ့ညှပ်မယ်လုပ်နေတဲ့ စံထိပ်ထားရဲ့ဗီဒီယိုလေးကိုတော့ မေမေခိုင်သင်းကြည်က " မလုပ်လိုက်ပါနဲ့သဲလေးရေ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်ရဲ့သမီးချောလေး စံထိပ်ထားဦးရဲ့ ချစ်စရာTik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Khine Thin Kyi's FB 

Photo Credit-Khine Thin Kyi's FB
Photo Credit-Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။