အနုပညာလောကမှာ ဇာတ်ကားတွေရိုက်ကူးပြီး အောင်မြင်နေတဲ့ မင်းသားကျော်ကျော်နဲ့ မင်းသမီး ဆုမြတ်နိုးဦးတို့ကိုတော့ ပရိသတ်တွေအားလုံးက ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ အမာခံပရိသတ်တွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့နှစ်ယောက်က အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်နေကြတဲ့ အနုပညာမောင်နှမတွေဖြစ်ကြသလို အပြင်မှာလည်း တကယ့်ကိုခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းပဲ ဖြစ်ပါတယ်။

Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page

ဒါ့အပြင် BFF တွေဖြစ်ကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့က သုံးယောက်ပေါင်းပြီး " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ Page လေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။ ဒီ Page လေးမှာတော့ သူတို့သုံးယောက်ရဲ့ဟာသဗီဒီယိုတွေနဲ့ ပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က ပျော်ပျော်ရွှင်ရွှင် ဆော့ကစားထားတဲ့ ဗီဒီယိုလေးကို တင်ပေးထားပါတယ်။

Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page

မိချောင်းအရုပ်နဲ့ ဆော့ကစားနေကြတဲ့ ကျော်ကျော်တို့သူငယ်ချင်းနှစ်ယောက်ကတော့ ကလေးတွေလိုပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ကျော်ကျော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယိုလေးကိုကြည့်ရင်း ပရိသတ်တွေပါ ရယ်မောပျော်ရွှင်နေရမှာလည်း ဖြစ်ပါတယ်။ အားရပါးရခွီနေကြတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page  

Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။