ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းကတော့ သားသမီးလေးယောက်ကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိသားစုကတော့ နယူးယောက်မှာနေထိုင်ကြတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေး စန္ဒီချိုကလည်း သားသမီးတွေကိုသေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ချစ်ခင်ပွန်းအပေါ်မှာလည်းနားလည်မှုအပြည့်ပေးကာ တတ်နိုင်သလောက်ကိုကူညီဆောင်ရွက်ပေးလို့ နိုင်းနိုင်းရဲ့မိသားစုဘဝလေးက အရမ်းသာယာပါတယ်နော်။

Photo Credit:Actor 99's Page
Photo Credit:Actor 99's Page

နိုင်းနိုင်းကတော့ မြန်မာပြည်ကိုလည်းပြန်လာပြီး အနုပညာအလုပ်တွေကိုလုပ်ဆောင်သလို အားတဲ့အချိန်မှာလည်းမိသားစုရှိရာနယူးယောက်ကိုပြန်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း နိုင်းနိုင်းက မိသားစုရှိရာဆီသို့ပြန်လည်ရောက်ရှိနေပြီး သူပြန်ရောက်တဲ့အချိန်မှာပဲ ကလေးတွေကဖျားကြတာကြောင့် ဖေဖေနိုင်းနိုင်းကတော့ သားသမီးတွေကိုအစွမ်းကုန်ပြုစုယုယပေးနေတာပါနော်။

Photo Credit:Actor 99's Page
Photo Credit:Actor 99's Page
Photo Credit:Actor 99's Page

နိုင်းနိုင်းတို့မိသားစုလေးက မိသားစုဝင်တွေလည်းအများကြီးရှိတာကြောင့် စိုစိုပြေပြေနဲ့ အရမ်းပျော်စရာကောင်းပြီး အပြန်အလှန်စနောက်နေကြကာနွေးထွေးတဲ့မိသားစုလေးပါ။အခုဆိုရင်လည်း တီဗွီဖွင့်ပြီး အမိုက်စားကကွက်တွေနဲ့ သားသမီးတွေကလည်းကနေကြသလို နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း အပြိုင်အဆိုင်ကနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Actor 99's Page
Photo Credit:Actor 99's Page

Photo Credit:Actor 99's Page

Video Credit:Actor 99's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။